ရန်ကုန်မြို့ရှိအစိုးရအိမ်ရာတတိယအသုတ်အိမ်ခန်းများရောင်းချမည်




ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှုကော်မတီက တတိယအသုတ်အိမ်ခန်းများရောင်းချပေးသွား မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှသိရသည်။
ယခုတတိယအသုတ်တွင်လျှောက်ထားသူများအားလုံး ၄၈၇၄ဦးကို ၀ယ်ယူခွင့် ဦးစားပေးတန်းစီဇယားအမှတ်စဉ်အလိုက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တတိယအသုတ်ရောင်းချမည့် အိမ်ခန်းများစာရင်းနှင့် ၀ယ်ယူခွင့် ရရှိသူများ အားလုံး ၄၈၇၄ဦး စာရင်းကို မြို့ပြနျင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရန်ကုန်ရှိ ခရိုင်ရုံး (၄)ရုံးတွင် (၂၀.၈.၂၀၁၉) ရက်မှ (၁၉.၉.၂၀၁၉) ရက်အထိ ကြေညာထားမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများရောင်းချရေးကြီးကြပ်မှုကော်မတီသို့ အိမ်ခန်းဝယ်ယူခွင့်လျှောက်ထားသူ စုစုပေါင်း ၆၀၂၇ ဦးအနက် ပထမနှင့် ဒုတိယအသုတ်တို့တွင် ၁၁၅၃ ဦးကို ၀ယ်ယူခွင့်ဦးစားပေးတန်းစီဇယားအမှတ်စဉ်အလိုက် ကြေညာရောင်းချပေးခဲ့ပြီးဖြစ်သည်။
အိမ်ရာရွေးချယ်ဆန္ဒပြုခြင်းနှင့် ၀ယ်ယူမည့်စနစ် (အကျေသွင်း/ဘဏ်ချေး) ဆန္ဒပြုခြင်းများကို ယခုလ၁၉ရက်နေ့နှင့်၂၀ရက်နေ့များတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး မြေညီ ထပ်ရှိ Yangon City Gallery သို့ ဆက်သွယ်ဆောင်ရွက်ကြရပြီးဖြစ်သည်။
သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ဆန္ဒပြုသူများအနက်မှ ၀ယ်ယူခွင့်ဦစားပေးတန်စီးဇယားအမှတ်စဉ်အတိုင်းသာ ကြေညာထားသော အိမ်ခန်းများကို ရောင်းချပေးသွားမည်ဖြစ်သည်။
အိမ်ခန်းများ မဲနှိုက်ချထားသည့် အခမ်းအနားကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ၌ ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလကုန်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

Comments