ဂုတ်တွင်း ယာယီဘေလီတံတား နှင့်အပြိုင် နံဘေးတွင် နှစ်လမ်းသွား သံကူကွန်ကရစ်တံတား (၁)စင်းကို အမြန်ဆုံးတည်ဆောက်မည်

ဂုတ်တွင်း ယာယီဘေလီတံတား နှင့်အပြိုင် နံဘေးတွင်
နှစ်လမ်းသွား သံကူကွန်ကရစ်တံတား (၁)စင်းကို
အမြန်ဆုံးတည်ဆောက်နိုင်ရန်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန က
လိုအပ်သည်များကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။

ဂုတ်တွင်း တံတားအသစ် တည်ဆောက်ပြီးစီးပါက လက်ရှိ အသုံးပြုနေသော ယာယီဘေလီတံတား ကို
ဖြုတ်သိမ်းသွားမည် ဖြစ်သည်။

ပျက်စီးသွားသော ဂုတ်တွင်း တံတားဟောင်း၏
ကျိုးသွားသည့် သံကူကွန်ကရစ် ယက်မများ (RC Girder)
အစားထိုးခြင်း နှင့်
ပျက်စီးသွားသော တံတားတိုင်များ (RC Pier and RC Top Beam)
အသစ် ပြန်လည်တည်ဆောက်ခြင်း တို့ကို
ဆောင်ရွက်မည်ဖြစ်၍
ခိုင်မာတောင့်တင်းသော တံတားတစ်စင်း
ရရှိလာမည် ဖြစ်သည်ဟုသိရသည်။

သို့ဖြစ်ပါ၍
ဂုတ်တွင်း တံတားအသစ်(၁)စင်း တည်ဆောက်ခြင်းနှင့်
မူလ ဂုတ်တွင်း တံတားဟောင်း(၁)စင်းအား ပြန်လည် ပြင်ဆင်ပြီးစီးပါက
နှစ်လမ်းသွား တံတား(၂)စင်း ရရှိလာမည်ဖြစ်ရာ
အဓိက ကုန်သွယ်ရေးလမ်းမကြီး ဖြစ်သော
မန္တလေး - နောင်ချို - လားရှိုး - မူဆယ် လမ်းမကြီးပေါ်
ဂုတ်တွင်း တွင် အသွား/အပြန် အသုံးပြုနိုင်မည့်
(၄)လမ်းသွား သံကူကွန်ကရစ်တံတား အဖြစ်
ခရီးသွားပြည်သူများနှင့် ကုန်စည်များ
စီးဆင်းဖြတ်သန်းနိုင်မည် ဖြစ်ကြောင်းသိရသည်။


Comments