သံလွင်တံတား - ကော့ကျိုက် - ဇာသပြင်လမ်းရှိပေ၂၀တံတားကမ်းကပ်ခုံအက်ကွဲနိမ့်ကျလမ်းကြောင်းပြောင်းမောင်းနှင်ကြရန်သတိပေး


သံလွင်တံတား-ကော့ကျိုက်-ဇာသပြင်(အဖြောင့်လမ်း)မိုင်တိုင်အမှတ် (၁၇/၅ - ၁၇/၆) အတွင်းရှိ
အရှည် (၂၀)ပေ တံတား၏ ကမ်းကပ်ခုံ မှာယနေ့မနက်၁၀:၀၀တွင်
အက်ကွဲ နိမ့်ကျသွားကြောင်းကရင်ပြည်နယ်လမ်းတံတားဦးစီးဌာနမှသိရသည်။
အတက်ကား ယာဉ်ကြီးများအတွက်ယခင် က လမ်းကြောင်းပေးထားသည့်သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် လမ်းအစား သံလွင်တံတား - ကော့ကျိုက် - နောင်လုံတောင်ကြား လမ်းအတိုင်း မောင်းနှင်ကြရန်သတိပေးကြေငြာထားသည်။
အဆင်းကားများ အနေဖြင့်
ကျားကလေး - ဇာသပြင် - အိန္ဒု - နောင်လုံတောင်ကြားလမ်းအတိုင်း မောင်းနှင်ကြရန် တို့ကို
အသိပေး ကြေညာထားပြီး အိန္ဒု - နောင်လုံ ကြားရှိ မြပြည်တံတားမှာအရေးပေါ် တည်ဆောက်ထားသော ဘေလီတံတားဖြစ်သည့်အတွက်ယာယီအနေဖြင့် ၁၂ ဘီးတပ်ယာဉ်နှင့်(ယာဉ်+ကုန် = ၂၅ တန်) ယာဉ်များသာခွင့်ပြုထားကြောင်းလမ်းတံတားဦးစီးဌာနမှသိရသည်။
ဒီနေ့ကစပြီးမော်လမြိုင်ကနေဘေလီသံဘောင်တွေသယ်နေပါပြီမနက်ဖြနိကစပြီးတံတားထိုးလို့ရှိရင်တစ်ရက်နေ့ညနေလောက်ဆိုပြီးပါပြီအဲ့ဒါကိုကျွန်တော်တို့တွဲတံတားတွေပါထည့်လို့ရအောင်ထိုးသွားမှာပါလက်ရှိကတော့ဒီနေ့ကျမှတံတားပေါ်မှာယာယီဘေလီသံဘောင်တံတားထိုးမှာပေါ့အဲ့ဒီဘေလီတံတားကလဲ၄၈တန်တွဲကားတွေဖြတ်နိုင်အောင်အဲ့ဒါတွေကိုခံနိုင်ရည်ရှိတဲ့ဘေလီသံဘောင်တွေထိုးသွားမှာပါ"ဟုကရင်ပြည်နယ်လမ်းတံတားဦးစီးဌာနမှညွှန်ကြားရေးမှုးဦးသောင်းဟန်စိုးကပြောသည်။
အဆိုပါ တံတားအား (ယာဉ်+ကုန် = ၄၈ တန်)
ခံနိုင်စေရန် တံတားအထူးအဖွဲ့ ကဆက်လက်ဆောင်ရွက်ပြီးမှသာ(ယာဉ်+ကုန် = ၂၅ တန်)အထက် ယာဉ်များကိုဖြတ်သန်းခွင့်ပြုမည် ဖြစ်ပြီးမော်တော်ယာဉ်များ အနေဖြင့်သတ်မှတ်တန်ချိန်အတိုင်းသာ
တင်ဆောင်ကြပါရန် အသိပေး ကြေညာထားသည်။

Comments