အူရီဒူးမြန်မာမှ စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှ၏ စီးပွားရေးခေါင်းဆောင်များဆု ၂ဝ၁၉ “Asia’s Business Leaders Award 2019“ ဆုပေးပွဲ၌ မြန်မာနိုင်ငံတစ်ဝန်းတွင် “ပြည်သူ့စာကြည့်တိုက်မှ ပြည်သူ့စင်တာဆီသို့” တိုးတက်ပြောင်းလဲရေးစီမံကိန်းအား ကူညီပံ့ပိုးပေးခဲ့သည့်အတွက် တစ်နှစ်တာ၏အကောင်းဆုံး လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ဆု “Corporate Social Responsibility Program of the Year Award” ကိုရရှိခဲ့သည်။
၎င်းအစီအစဉ် စတင်သည့်အချိန်မှစ၍ ယနေ့အထိ အူရီဒူး၏ ကူညီပံ့ပိုးမှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆၁,၈၂၇ ခန့်ရှိပြီး အဆိုပါပံ့ပိုးမှုကြောင့် ပြည်သူလူထုမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက် ၁၅ဝတွင် အင်တာနက်ချိတ်ဆက်မှုနှင့်အတူ ကွန်ပျူတာနှင့် အီလက်ထရောနစ် သင်ထောက်ကူပစ္စည်းများ အစရှိသည့် ဒီဂျစ်တယ်ပစ္စည်းပေါင်း ၇ဝ၅ ခုကို အသုံးပြုခွင့်ရရှိခဲ့
ကြကြောင်းသိရသည်။
International Research & Exchanges Board (IREX) ၏ လေ့လာစန်းဆစ်ချက်များအရ အူရီဒူးမြန်မာမှ ပံ့ပိုးပေးခဲ့သည့် ဒီဂျစ်တယ်ပစ္စည်းများကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ နှင့် ၂၀၁၉ ခုနှစ် ဇွန်လ အတွင်း စုစုပေါင်းလူဦးရေ ၃ဝဝ,ဝဝဝ ဦးမှ အသုံးပြုခဲ့ကြပြီး၊ ယင်းလူဦးရေထဲမှ ၂ဝ၂, ၄၇၂ ဦးတို့မှာ အင်တာနက်ကို ပထမဦးဆုံးစတင်လာရောက် အသုံးပြုကြသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၄င်းအသုံးပြုသူများထဲမှ ၄၅%သော ပြည်သူများမှာ စာကြည့်တိုက်များအား သတင်းများဖတ်ယူလေ့လာရန်နှင့် လေ့လာသင်ယူခွင့်များရရှိရန် အတွက် အသုံးပြုကြပြီး၊ ၃၂%သော အသုံးပြုသူများမှာ ၄င်းတို့၏ နည်းပညာပိုင်းဆိုင်ရာ အရည်အချင်းများ တိုးတက်စေရန်နှင့် ၂၃%သော သုံးစွဲသူပြည်သူများမှာ အလုပ်အကိုင်လျှောက်ထားရန်အတွက် အသုံးပြုကြခြင်းဖြစ်ပါသည်။ အထူးသဖြင့် ၃၆၀,၀၀၀ ကျော်သော ပြည်သူများက ယင်းအစီအစဉ်စတင်ကတည်းက စာကြည့်တိုက်သို့ ၄င်းတို့၏ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ တတ်မြောက်မှုအတွက် လာရောက်ကြခြင်း ဖြစ်ပြီး ၂ဝဝ,၀၀၀ ကျော်သော ပြည်သူများအား အင်တာနက်အသုံးပြုနည်းများ နှင့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ တတ်မြောက်မှုများကို သင်တန်းပို့ချသင်ကြားပေးထားပြီး ဖြစ်သည်။
အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က “ကျွန်တော်တို့ အူရီဒူးမြန်မာအနေနဲ့ အာရှဒေသတွင်း ဂုဏ်သတင်းကြီးမားတဲ့ အခမ်းအနားကြီးတစ်ရပ်ဖြစ်တဲ့ The Asia’s Business Leaders Awards မှာ ယခုလို တန်ဖိုးရှိတဲ့ အသိအမှတ်ပြုမှုကို လက်ခံရတဲ့အတွက် အူရီဒူးမြန်မာကိုယ်စား အင်မတန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ၃၅ နှစ်အောက် မြန်မာ့လူဦးရေ ၆၃% နှင့် မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၆၃% တို့ဟာ ဖွံ့ဖြိုးမှုနည်းနေသေးတဲ့ဒေသတွေမှာနေထိုင်ကြတဲ့အတွက် မြန်မာနိုင်ငံဟာ ဒီဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ရေးမှာ ရှေ့တန်းကနေ ရပ်တည်နိုင်ဖိုနဲ့၊ လူငယ်တွေအတွက် ဒီဂျစ်တယ်နည်းပညာအခွင့်အလမ်းတွေ ကမ်းလှမ်း ပေးနိုင်ဖို့အတွက် လိုအပ်ချက်တွေရှိနေတာကို အူရီဒူးမြန်မာက နားလည်ပါတယ်။ ဒီဆုဟာ အူရီဒူးမြန်မာရော MBAPF အတွက်ပါ ပြည်သူလူထုရဲ့ ဒီဂျစ်တယ်ဘဝတွေကို ပြည့်စုံကောင်းမွန်အောင် အရှိန်မြှင့်တင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် ကြီးမားတဲ့ခွန်အား ဖြစ်စေပါတယ်။” ဟု ပြောကြားလိုက်ကြောင်းသိရသည်။
အူရီဒူးမြန်မာနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် စတင်ဝင်ရောက် လုပ်ငန်းလုပ်ဆောင်ခဲ့ကတည်းက လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမဏ္ဍိုင်ကြီး ၃ ခုဖြစ်သည့် မြန်မာပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဓိကထား ပံ့ပိုးပေးလျက်ရှိသည်ဟုသိရသည်။

Comments
Post a Comment