ဝိတ်ကျသွားတဲ့အတွက်ကိုယ့်ကိုယ်ယုံကြည်မှုပိုတိုးလာပါတယ်ဆိုတဲ့အလှမယ်ထွန်းပုလဲရတနာ

ယခင်ထက်ဝိတ်ကျသွားတဲ့အတွက်ကိုယ့်ကိုယ်ယုံကြည်မှုပိုတိုးတက်လာတယ်လို့အလှမယ်ထွန်းပုလဲရတနာကပြောခဲ့ပါတယ်။

ထွန်းပုလဲရတနာ က Miss Universe Myanmar 2019 မှာ 3rd runner up ဆု နှင့် Face of Beauty Myanmar 2019 ကို ရရှိထားတဲ့သူဖြစ်တဲ့အပြင် သူမဟာ ဆေးတက္ကသိုလ် ရန်ကုန်မှာလည်း Final Part 2 MBBS တက်ရောက်နေတဲ့ကျောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

"နည်းနည်းတော့ယုံကြည်မှုရှိတယ်ဘာလို့လဲဆိုတော့အဓိကအဝတ်အစားဝတ်ရတာအဆင်ပြေသွားတယ်ကိုယ်ဘာ့သာဓာတ်ပုံတွေရိုက်တဲ့အခါကြည့်ရတာလှလာတော့ကိုယ့်ရဲ့ယုံကြည်မှုတက်စေတယ်အဓိကမြန်မာဝတ်စုံတွေဝတ်တဲ့အခါဆိုအကျီင်္ကချောင်သွားရင်သိသာတော့ငါအရမ်းပိန်သွားတယိဆိုပြီးပျော်တာဆိုတော့ယုံကြည်မှုကိုတိုးတက်စေတယ်"လို့ထွန်းပုလဲရတနာကပြောပါတယ်။

သူမအနေနဲ့ Miss Universe Myanmar 2019 တွင်ပြိုင်ပွဲဝင်နေစဉ်ကာလတစ်လျှောက်Body Shamingပြုလုပ်ခံရပုံကိုလည်း"ပြိုင်ပွဲတုန်းကဆိုအရမ်းပြောကြတယ်လေBody Shamingလုပ်တာတွေကြုံခဲ့ဖူးတာပေါ့ပုလဲပိုင်ပွဲတုန်းကဆိုခန္ဓာကိုယ်တင်မဟုတ်ဘူးမျက်နှာကိုပါပြောကြတာမျက်နှာကြီးကဝိုင်းနေတယ်ပြဲနေတယ်ဆိုပြီးပြောကြတယ်အများကြီးခံရဖူးတယ်ပုလဲကတော့အဲ့ဒါတွေနဲ့ပတ်သတ်ပြီးပြောချင်တာကအရမ်းစိတ်ထဲမှာမခံစားပါနဲ့လို့ဒါကိုတွန်းအားတစ်ခုအနေနဲ့မှတ်ပါလို့ပဲပြောချင်တယ်"လို့သူမကပြောခဲ့ပါတယ်။




Comments