မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ အူရီးဒူးမြန်မာက အကူအညီပေးအပ်


ပြီးခဲ့သည့်အပတ်က မွန်ပြည်နယ်အတွင်းရှိ နေရာဒေသတော်တော်များများတွင် မထင်မှတ်ဘဲ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်း နှင့် ဒီရေတက်ခြင်းတို့ကြောင့် ရေကြီးရေလျှံခြင်းဆိုးရွားစွာဖြစ်ပေါ်စေခဲ့ပါသည်။ မွန်ပြည်နယ်အတွင်းမှ ပြည်သူလူထုအများစုသည် ရေကြီးရေလျှံခြင်းကြောင့် နေရပ်ကို ယာယီစွန့်ခွာခဲ့ရပြီး အချို့သော ပြည်သူများသည် မြေပြိုကျခြင်းကြောင့် မိမိတို့၏နေရပ်ကို အပြီးစွန့်ခွာကြရပါသည်။ သို့ပါသောကြောင့် အူရီဒူးမြန်မာအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ရေးဘေးသင့်ဒေသများမှ ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

အူရီဒူးအနေဖြင့် အိတ်တစ်အိတ်တွင် ဆန် ၂ကီလိုဂရမ်၊ အသင့်စား ငါးသေတ္တာ ၄ဗူး၊ စာသုံးဆီ ၁လီတာ နှင့် ခေါက်ဆွဲခြောက် ၁၀ ထုတ် ပါဝင်သော စာနပ်ရိက္ခာအိတ်များကို မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ဒေသများရှိ ပြည်သူများ ၄၁,၀၀၀ ကျော် (အိမ်ထောင်စုပေါင်း ၇,၈၀၀ ခန့်) ထံသို့ သွားရောက်ပြီး ပေးအပ်ခဲ့ပြီး

အဆိုပါ အကူအညီများအပြင် ရေကြီးမှုအပြင်မြေပြိုကျခြင်းစတဲ့ ဘေးဒုက္ခများနှင့် ကြုံတွေ့ခဲ့ရသော ရေးမြို့နယ်ရှိ ပြည်သူများအတွက် မိသားစုများ နှင့် မိတ်ဆွေများ နှင့် ဆက်သွယ်ရေးအဆင်ပြေစေရန် အူရီဒူးမြန်မာမှ ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့အထိ အူရီဒူးအချင်းချင်း အကန့်အသတ်မရှိ အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန်နှင့် SMS ပေးပို့နိုင်ရန် ပံ့ပိုးကူညီပေးခဲ့ကြောင်းသိရသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ္ဋ်က “အူရီဒူးမြန်မာဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုနဲ့ ကောင်းမွန်ပြည့်ဝတဲ့လူနေမှုဘဝရရှိရေးကို အမြဲဂရုစိုက်ပါတယ်။ မိမိတို့လုပ်ငန်းလုပ်ဆောင်ရာဒေသရှိ မိဘပြည်သူတွေအတွက် လိုအပ်ချက်ရှိတဲ့အခါတိုင်းမှာ ကျွန်တော်တို့အနေနဲ့ ကူညီပံ့ပိုးပေးဖို့ အမြဲအသင့်ရှိနေပါတယ်။ ယခုအခါမှာလည်း မြန်မာနိုင်ငံအောက်ပိုင်း ရေလွှမ်းတဲ့ဒေသတွေက မိဘပြည်သူတွေဆီကို သွားရောက်ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။” ဟု ပြောကြားကြောင်းသိရသည်။


Comments