ASEAN FoodFestival 2019 ကို ပါဝင်ပြသမည့်ပြခန်း ပေါင်း(၁၁၀)ကျော်တို့ဖြင့် မန္တလေး၌ကျင်းပမည်

ပြခန်းပေါင်း(၁၁၀)ကျော်ပါဝင်ပြသမည့်ASEAN Food Festival 2019ပွဲကိုမန္တလေးမြို့ရှိMyanmar Convention
Centre
(MCC)၌သြဂုတ်လ၁၇ရက်နေ့နှင့်၁၈ရက်နေ့တို့တွင်နံနက်၁၀နာရီမှည၉နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်း ပြပွဲကိုမြန်မာနိုင်ငံမှ အစားအစာများအား နိုင်ငံတကာက သိရှိပြီး ဒေသအတွင်း ခရီးသွားလာမှုဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံတကာမှ ခရီးသွားများလည်း မြန်မာနိုင်ငံ၏ လှပသောဒေသများကိုသိရှိ၍
နိုင်ငံတကာခရီးသွားဧည့်သည်များ မြန်မာနိုင်ငံအတွင်းပိုမိုဝင်ရောက်လာ
စေရန်စသည့်ရည်ရွယ်ချက်များနှင့်အတူအခြားအာဆီယံနိုင်ငံများနှင့်လည်းရင်းနီးကျွမ်းဝင် စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟုသိရသည်။

ထို့ပြင် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကြီး၏
မိတ်ဖက်အသင်းများဖြစ်ကြသော myanmar Chefs   Association ,Myanmar Coffee Associaton နှင့် Bartender  Association Myanmar တို့မှလည်း ပြပွဲအတွင်း လက်တွေ့ တင်ဆက်ပြသမှုများပြုလုပ်ခြင်းစသည့် အစီအစဉ်များနှင့်အတူအာဆီယံနိုင်ငံများမှနိုင်ငံအလိုက်အစားအစာများ ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ နိုင်ငံတော်အဆင့်ပြပွဲကိုဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏လမ်းညွန်မှုနှင့်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့်မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှဦး ဆောင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးမြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(အသင်းခွဲ)များအလိုက်ဒေသထွက်ရိုးရာအစားအစာများအားတင်ဆက်ပြသခြင်းတိုင်းရင်းသားရိုးရာ အစားအစားများ ဒေသထွက် ထုတ်ကုန်ပစ်စည်းများ တိုင်းရင်းသားအကအလှများတင်ဆက်ကပြခြင်းတို့အပြင်ဒေသတစ်ခုချင်း၏ အဓိကဟင်းလျာများ အားချက်ပြုတ်တင်ဆက်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

Comments