Airbus A220-300 အမျိုးအစား ခရီးသည်တင် လေယာဉ်၏ အာရှ-ပစိဖိတ်ဒေသတွင်း နှစ်ပတ်ကြာ သရုပ်ပြစမ်းသပ်ပျံသန်းခြင်း ခရီးစဉ်တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောက်ရှိနေသော Airbus ကုမ္ပဏီ ၏ စမ်းသပ်ပျံသန်းပြမည့် လေယာဉ်သည် ထိုင်ခုံအမျိုးအစား ခွဲခြားထားခြင်း မရှိဘဲ ထိုင်ခုံ အတန်းအစားတစ်ခုသာပါရှိပြီးသစ်လွင်၍ သက်တောင့် သက်သာရှိသော ထိုင်ခုံပေါင်း ၁၄၃ ခုံပါရှိကြောင်းသိရသည်။
လေယာဉ်အသေးဖြစ်သည့် A220-100 အမျိုးအစားနှင့် လေယာဉ်အကြီးဖြစ်သည့် A220-300 အမျိုးအစား တို့ပါဝင်သည့် A220 မိသားစုဝင် လေယာဉ်များသည် Airbus ၏ လျှောက်လမ်းတစ်လမ်းပါ ရောင်းအား အကောင်းဆုံး လေယာဉ်များထဲတွင်ပါဝင်ပြီး ၄င်းသည် ယခင် လေယာဉ်အမျိုးအစားများနှင့် နှိုင်းယှဉ် ပါက ခရီးစဉ်တစ်ကြောင်း၏ ကုန်ကျစရိတ်ကို ပိုမိုသက်သာစေပြီး A320 မိသားစုဝင် လေယာဉ်များအား အသုံးပြု ပျံသန်းနေသည့် လေကြောင်းလိုင်းများအတွက် စံနမူနာဖြည့်စွက်ချက် တစ်ခုဖြစ်
သည်ဟုသိရသည်။
ယခုအခါ Korean Air လေကြောင်းလိုင်းမှ ပြည်တွင်း ပြည်ပ ခရီးစဉ်များအတွက် A220-300 လေယာဉ်ကို အာရှ-ပစိဖိတ် ဒေသအတွင်း အောင်မြင်စွာ ပျံသန်းနေပြီဖြစ်ပြီး Air Vanuatu လေကြောင်းလိုင်း မှလည်း A220-100 အမျိုးအစား နှစ်စင်း၊ A220-300 အမျိုးအစား နှစ်စင်း၊ စုစုပေါင်း လေးစင်းကို၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် မှာယူခဲ့ကြောင်းသိရသည်။
Airbus သည် လေကြောင်းလိုင်းပေါင်း ၈၀ ကို လေယာဉ်ပေါင်း ၃၀၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးနေပြီး မှာယူထားသည့် လေယာဉ်ပေါင်းမှာလည်း ၁၅၀၀ ကျော်ရှိသည်ဟုသိရသည်။
မြန်မာနိုင်ငံဈေးကွက်တွင် Airbus သည် Myanmar Airways International (MAI) သို့ A319 အမျိုးအစား လေယာဉ်ဖြင့် ဝင်ရောက်ထားပြီး ပြည်ပခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိပြီး Airbus သည်လာမည့် နှစ် ၂၀ ကာလအတွင်း ခရီးသည်စီးနင်းနှုန်း တစ်နှစ်လျှင် ၇% တိုးတက်လာနိုင်သည့် မြန်မာနိုင်ငံဈေးကွက်တွင် ကောင်းမွန်သော အနာဂါတ်များ ရှိလာနိုင်မည်ဟု ခန့်မှန်း
Comments
Post a Comment