၂၀၁၉၊ဇူလိုင်လ၃၁ရက်နေ့တွင်Mytelရုံး၌5Gနည်းပညာစမ်းသပ် သည့် အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းသိရသည်။
အမြန်နှုန်းစမ်းသပ်မှု အား C band (3.5 GHz) ဖြင့် စမ်းသပ်ခဲ့ပြီး စမ်းသပ်နေစဉ်အတွင်းအမြင့်ဆုံးရောက်ရှိသွားသော မြန်နှုန်းမှာ 1.6 Gbps အထိရှိပြီး ထိုမြန်နှုန်းမှာ 4G ကွန်ရက် ထက် များစွာ မြန်ဆန်လှပြီး 4G ကွန်ရက်ဖြင့် အသုံးပြုမည်ဆိုပါက 150 Mbps ခန့်  သာရှိမည်ဟုသိရသည်။
“ကျွန်တော်တို့ ပြောနေကြအတိုင်းပဲ Mytel က သုံးစွဲသူတွေကို အမြဲရင်ခုန်စိတ်လှုပ်ရှားမှုတွေပေးသွားမှာပါ။အခုလို 5G ကွန်ရက်ကို Mytel သုံးစွဲသူတွေအတွက်အသုံးပြုနိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ပထမဆုံးဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်လာတဲ့အတွက် လည်း တကယ် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 5G ကွန်ရက်ကို အသုံး ပြုကြည့်တဲ့အခါတကယ်ကိုတစ်မူထူးခြားတဲ့ခံစားမှုမျိုးရမှာပါ။ များမကြာမီအချိန်အတွင်းမှာလည်း လူအသွားအလာများတဲ့ နေရာတွေမှာကျွန်တော်တို့ရဲ့5Gကွန်ရက်ထောက်ပံ့ပေးသွားဖို့ရှိပါတယ်။” လို့ Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားခဲ့သည်။
မကြာမီအချိန်အတွင်းမှာ 5G network အား ဈေးကွက်ထဲတွင် တရားဝင်ရောင်းချပေးသွားနိုင်တော့မှာဖြစ်ပါသည်။ ယခုကဲ့သို့ နည်းပညာသစ်ကြီးအား Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သော နည်းပညာများ နှင့် ထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ် ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံး တီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Comments
Post a Comment