စမတ်ဖုန်းအမှတ်တံဆိပ် HONOR မှ ကျောဘက်ကင်မရာ 24MP နှင့် ကင်မရာသုံးလုံးပါဝင်ပြီး ဆယ်လ်ဖီရိုက်ကူးခြင်းအတွက် အကောင်းမွန်ဆုံးဖြစ်စေမည့် 32MP ရှိ selfie master ကင်မရာအပါအဝင် ချောမွေ့ပြောင်လက်သည့် အသွင် ပုံစံနှင့် ၎င်း၏ နောက်ဆုံးထွက်စမတ်ဖုန်းအသစ် HONOR 20 Lite ကို သြဂုတ်(၇)ရက်နေ့က စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ဟုသိရသည်။
HONOR 20 Lite အား မြန်မာနိုင်ငံအတွင်း Phantom Blue နှင့် Phantom Red အရောင် ၂ မျိုးဖြင့် ယခု သြဂုတ် လ ၈ ရက်နေ့မှစတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး စမတ်ဖုန်းဒီဇီုင်းနှင့် အသွင်အပြင်မှာ ကျောဘက်မျက်နှာပြင်တွင် လှုပ်ရှားလိုက်တိုင်း တောက်ပလာမည့် dynamic prism-shaped အရောင်ပြေး အသွင်သဏ္ဍာန်ပုံစံပါရှိပြီး ၎င်းမှာ လူငယ်များကို ကိုယ်စားပြုသည့် HONOR အမှတ်တံဆိပ်၏ ဒီဇိုင်း စည်းမျဉ်းများနှင့်အညီ ဖန်တီးထုတ်လုပ်ထားခြင်းလည်း ဖြစ်ကြောင်း ဈေးနှုန်းမှာ (၃၁၉၀၀၀)ကျပ် ဟုသိရသည်။

Comments
Post a Comment