TOSHIBA ၏ ပရိုမိုးရှင်း ကာလအတွင်းမှ ရောင်းချရသောငွေ၏ ၁% သည် သန်လျှင်မြို့နယ်တွင်ရှိသော Kethara Vatiမယ်သီလရှင်ကျောင်းရှိ အနည်းဆုံးမိဘမဲ့ကလေးအယောက်(၂၀ )ကိုကူညီပေးသွားမည်

TOSHIBA Lifestyle ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်း  ကော်ပိုရေးရှင်း၏ပထမဆုံးသောအိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းပြခန်းကိုရန်ကုန်မြို့ရှိအမှတ်၉၈ E ၊ဆရာစံရပ်ကွက်၊ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်တွင် ခမ်းနားသိုက်မြိုက်စွာ ဖွင့်​လှစ်​ခဲ့ကြောင်းသိရသည်။




 အခမ်းအနားသို့  TOSHIBA ၏ “No Drama” ကမ်ပိန်းအတွက် ပြောရေးဆိုခွင့်ရှိသူ မြန်မာ့အထင်ကရ ရော့ခ်အဆိုတော် R ဇာနည် မှ တက်ရောက်ခဲ့သည်။

အဆိုပါ အထူးသီးသန့်အရောင်းပြခန်းဖွင့်လှစ်ရခြင်းမှာဂျပန်အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှုအတွက် နာမည်ကျော်ကြားသည့် TOSHIBA အမှတ်တံဆိပ်ထုတ်ကုန်များကိုပိုမိုတောင်းဆိုလာကြ သောကြောင့် ဝယ်ယူသုံးစွဲသူများ၏လိုအပ်ချက်နှင့်အညီဖြည့်ဆည်းပေးရန်ဖြစ်သည်။ ပြခန်းအကျယ်မှာ ၂၅ စတုရန်းပေ သာရှိသော်လည်း ဝယ် ယူသူများ စိတ်ကြိုက် ရွေးချယ်ဝယ်နိုင်ဖို့ရန်အတွက် စုံလင်လှသည့် အဝတ်လျှော်စက်နှင့် ရေခဲသေတ္တာအမျိုးအစား များစွာအား ထားရှိပေးသွားမည်ဖြစ်​​ကြောင်းသိရသည်။

“TOSHIBA ဆိုတာ ကမ္ဘာ့နေရာ အများအပြားမှာ သုံးစွဲနေကြတဲ့ အိမ်သုံးပစ္စည်းအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ယုံကြည်စိတ်ချရမှု၊ဆန်းသစ်တီထွင်မှုနဲ့စွမ်းဆောင်ရည်မြင့်မားမှုတွေကြောင့်လူသိများကျော်ကြားပါတယ်။ဒီအရောင်းပြခန်းဖွင့်လှစ်လိုက်ခြင်းက လူမှုအဖွဲ့အစည်းကို အဆင့်အတန်းမြင့်မားတဲ့ လူနေမှုဘ၀ရရှိဖို့်အတွက် အရည်အသွေးမြင့်ကုန်  ပစ္စည်းတွေ  ဖြန့်ဝေပေးမယ်လို့ ထားရှိထားတဲ့ VSK ရဲ့ ကတိကဝတ် ကို ဖြည့်ဆည်ပေးတဲ့ မှတ်ကျောက်တိုင် တစ်ခုပါပဲ။သြဂုတ်လဆန်းပိုင်း မှာဖွင့်လှစ်မယ့်AfterSalesServicecentreနဲ့အတူဝယ်ယူသုံးစွဲသူတွေအနေနဲ့မိမိတို့ဝယ်ယူထားတဲ့ကုန်ပစ္စည်းအတွက်စိတ်ချမ်းသာမှုရှိရတော့မှာပါ။” ဟုGood Brothers’ Co. Ltd. ၏ အမှုဆောင် အရာရှိချုပ် Mr J Rahiman မှ ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားနှင့်အတူ TOSHIBA မှ မိမိတို့၏နေအိမ်ကို သန့် ရှင်းသပ်ရပ်စွာ ဂရုတစ်စိုက် ပြင်ဆင်လိုသည့် ဝယ်ယူသုံးစွဲသူများအကျိုးအတွက် စွဲမက်ဖွယ်လျှော့ဈေးများ၊ ဆုများ ပေးအပ်သွားမည်ဖြစ်သည်။ ဝယ်ယူသုံးစွဲသူများ အနေဖြင့် အဝတ်လျှော်စက်များ နှင့် blender များ ဝယ်ယူပါက ၅ % လျှော့ဈေး၊ ရေခဲသေတ္တာများဝယ်ယူပါက ၃% လျှော့ဈေး ခံစားရခွင့်ရမည်ဖြစ်ပြီး ယင်း ပရိုမိုးရှင်းကာလမှာ ၂၀၁၉ ခုနှစ် သြဂုတ်လကုန်အထိ ဖြစ်သည်။

အဆိုပါလျှော့ဈေးများအပြင် ဝယ်ယူသုံးစွဲသူများအနေဖြင့် ဆုကြီးများ ရယူပိုင်ဆိုင်နိုင်မည့် ကံစမ်းမဲအစီအစဉ်လည်း ပါရှိသည်။ အနည်းဆုံးမြန်မာကျပ်ငွေ ၂၀၀,၀၀၀ ဖိုးဝယ်ယူပါက ကံစမ်းမဲ အစီအစဉ်တွင် စတင်ပါဝင်နိုင်မည်ဖြစ်သည်။ ကံစမ်းပေးမည့် ဆုမဲများတွင် iPhone XS (128GB)၊ ဘန်ကောက်သို့ အသွားအပြန်လေယာဉ်လက်မှတ်၊ Wyndham Hotel တွင် တစ်ညတာ တည်းခိုခွင့်၊ Hotpot City တွင်ဟော့ပေါ့ဘူဖေးစားခွင့်၊ Lotte Hotel တွင်ဘူဖေးစားခွင့် စသည် တို့အပြင် အခြား ဆုမဲများစွာပါဝင်သည်။

TOSHIBA သည် ဒေသခံ လူနေမှုဘဝများ ပိုမိုကောင်းမွန်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီသည့်အနေဖြင့် ဤ ပရိုမိုးရှင်း ကာလအတွင်း ရောင်းချရသောငွေ၏ ၁% ကို  Pencils for Kids အဖွဲ့အစည်းသို့  ပေးပို့လှူဒါန်းသွားပါမည်။ ယင်းအဖွဲ့အစည်းသည် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ (မြန်မာငွေ ၁၅၀၀ ကျပ်) အောက်သာ ရရှိသော ဆင်းရဲသောမိသားစုများ မှလာမွေးဖွားလာသော ကလေးများ ကျောင်းတက်နိုင်စေရန်၊၎င်းကလေးများအနာဂတ်အတွက်ခိုင်မာသောအုတ်မြစ်တစ်ခုတည်ဆောက်နိုင်ဖို့ရာကူညီဖေးမပေးရန်ဖြစ်သည်။ သို့ရာတွင် အခြေအနေအမျိုးမျိုးကြောင့် မိသားစုများမှ မိမိကလေးငယ်၏ ကျောင်းဝတ်စုံ၊ ကျောင်းလွယ်အိတ်နှင့် စာရေးကိရိယာ ကုန်ကျစရိတ်ကို မတက်နိုင်ကြပါက TOSHIBA ၏ ပရိုမိုးရှင်း ကာလအတွင်းမှ ရောင်းချရသောငွေ၏ ၁% သည် သန်လျှင်မြို့နယ်တွင်ရှိသော Kethara Vatiမယ်သီလရှင်ကျောင်းရှိ အနည်းဆုံးမိဘမဲ့ကလေးအယောက်(၂၀ )ကိုကူညီပေးသွားမည်
ဖြစ်​​ကြောင်း​သိရသည်။

Comments