စင်ကာပူနိုင်ငံတွင် စားသောက်ဆိုင်အတွေ့အကြုံ ဆယ်နှစ်ရှိသည့်
စင်ကာပူနိုင်င်အခြေစိုက် ဘားဆိုင်တစ်ခုဖြစ်သည့် SPRUCE@Pansodan အကြိုမိတ်ဆက်ပွဲကို ရန်ကုန်မြို့
၁၃၇ အထက်ပန်းဆိုးတန်းလမ်း 85 SOHO တွင် ညနေ၅နာရီမှည၈နာရီအထိ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ဘားဆိုင်ဖွင့်ပွဲကို လာမည့်ဇူလိုင်လ ၂၁ရက်နေ့တွင်စတင်ဖွင့်လစ်သွားမည်ဖြစ်ပြီး နံနက် ၆:၃၀မှ ည၁၀:၃၀ နာရီအထိဖွင့်လစ်သွားမည်ဖြစ်သည်။SPRUCE@Pansodan တွင် ဆိုင်၏မူလလက်ရာ အစားအသောက် မီနူးများနှင့် ကော့တေးများကို ရရှိနိုင်မည်ဖြစ်ပြီး
ရွှေတိဂုံစေတီ တော်ကိုလှမ်းမြင်နိုင်မည့် rooftop တွင်ဖွင့်လစ်ထားခြင်းဖြစ်သည်။
"SPRUCE@ပန်းဆိုးတန်းကိုမနက်ခုနှစ်နာရီကနေညဆယ်နာရီအထိဖွင့်လစ်သွားမှာဖြစ်ပြီးတော့အနောက်တိုင်းနဲ့ဂျပန်အစားအသောက်တွေကိုကိုယ်ပိုင်ပုံစံနဲ့ဆနိးသစ်တီထွင်ထားပါတယ်အဲ့အပြင်ကိုကိုယ်ပိုင်ကောက်တေးမျိုးစုံကိုလည်းတီထွင်ထားပါတယ်ကျွန်တော်တို့အနေနဲ့စင်္ကာပူမှာနာမည်ရပြီးသားbrandကိုမြန်မာနိုင်ငံကိုယူဆောင်လာတာဖြစ်ပါတယ်"
SPRUCE@Pansodan သည် ပြည်ပနိုင်ငံများတွင် ပထမဆုံးအတွေ့အကြုံအနေဖြင့် မြန်မာနိုင်ငံတွင်စတင်ဖွင့်လစ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ကောင်းမွန်သည့် ဝန်ဆောင်မှုများ လုပ်ငန်းအတွေ့အကြုံများကို
ပေးဆောင်သွားမည်ဖြစ်သည်။
Comments
Post a Comment