၂၀၂၀ နှင့် လူမူကွန်ရက်ဂယက် Social Media Forum 2019 ​ဆွေး​နွေးပွဲကျင်းပ


၂ဝ၂ဝ နှင့် လူမှုကွန်ရက်ဂယက် Social Media Forum 2019 ဆွေးနွေးပွဲတစ်ရပ်အား ၂ဝ၁၉ခုနစ်၊ ဇွန်လ (၂၉) ရက်နေ့ (စနေနေ့) ၊ နေ့လယ် ၁၂:၀၀ နာရီမှ ညနေ ၅:ဝဝ နာရီထိ  ရန်ကုန်မြို့ ရှိ Pan Pacific Hotel (Pacific Ballroom) တွင် ကျင်းပပြုလုပ်​ခဲ့​ကြောင်းသိရသည်​။

၂ဝ၂ဝ နှင့် လူမှုကွန်ရက်ဂယက် Social Media Forum 2019 သည်  လူမှုကွန်ရက်မှတစ်ဆင့် ရိုက်ခတ်လာနိုင်သည့်  ကောင်းကျိုးများကို မြှင့်တင်ရန်၊ ဆိုးကျိုးများကိုလျှော့ချရန်နှင့် ပြဿနာများအတွက် ဖြေရှင်းနည်းလမ်းများနှင့် အပြု သဘောဆောင်သည့် ထိရောက်သော အကျိုးသက်ရောက်မှုများအား နယ်ပယ်ပေါင်းစုံမှ အကျိုးပါဝင်ပတ်သက်သူ အသီးသီး၊ ပညာရှင်အသီးသီးတို့နှင့် ဝိုင်းဝန်း အဖြေရှာသည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်​ကြောင်းသိရသည်​။

အဆိုပါဆွေးနွေးပွဲ၌ ပထမပိုင်းအစီအစဉ်တွင် “မြန်မာ့လူမှုကွန်ရက် ကောင်းကျိုး၊ ဆိုးကျိုး၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းရန် အဆိုပြုချက်များ” ခေါင်းစဉ်ဖြင့် အကယ်ဒမီဆုရှင် သရုပ်ဆောင် အေးမြတ်သူ၊ မိတ်ကပ်ပညာရှင် မထက် (Pop Soul)၊ Asia Model Star Award 2019 နှင့် Miss Myanmar World 2018 သရဖူပိုင်ရှင် ဟန်တီ၊ Social Influencer နှင့် Writer တစ်ဦးဖြစ်သူ အရည်ကြို၊ Social influencer နှင့် စာသင်ပြသူ Educator တစ်ဦးဖြစ်ပြီး Chance Myanmar Online Education Platform တည်ထောင်သူ ဖြိုးဖြိုးအောင် (Food For Your Brain) တို့မှ ပါဝင်ဆွေးနွေးပေးသွားပြီး  ဦးသောင်းစုငြိမ်းမှ Moderator အနေဖြင့် ပါဝင်ဆောင်ရွက်ပေးသွား​ကြောင်းသိရသည်​။



Comments