ရွှေမင်းဂံငွေကြေးဝန်ဆောင်ကုမ္ပဏီနှင့် Rent 2 Own Myanmar Co.ltd အကျိုးတူပူးပေါင်း

မော်တော်ဆိုင်ကယ်နှင့်စက်ပစ္စည်းများဌားရမ်းသည့်ဝန်ဆောင်မှုဖြစ်သည့် Rent 2 Own Myanmar Co.ltd နှင့် ရွှေမင်းဂံငွေကြေးဝန်ဆောင်မှုကုမ္ပဏီ တို့အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ၂၄ရက်နေ့ကပြုလုပ် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှသိရသည်။

အကျိုးတူပူးပေါင်းခြင်းအနေဖြင့် Rent 2 Own Myanmar Co.ltd မှ ရွှေမင်းဂံငွေကြေးဝန်ဆောင်မှုကုမ္ပဏီ ၏ ဘဏ်လုပ်ငန်းမဟုတ်သောငွေကြေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန်လိုင်စင်ကိုအသုံးပြုပြီး Rent 2 Own Myanmar၏ နယ်ပယ်အသီးသီးမှ မော်တော်ဆိုင်ကယ်အပါအဝင် စက်ပစ္စည်း
ဝယ်ယူဌားရမ်းသူများကို ဝန်ဆောင်မှုများတိုးချဲ့သွားမည်ဖြစ်ကြောင်း
သိရသည်။
" ရွှေမင်းဂံနဲ့ ပူးပေါင်းပြီး သုံးစွဲသူတွေကို ငွေသားကိုချေးငွေအနေနဲ့ ထုတ်ပေးနိုင်တော့မယ် ချေးငွေကိုလည်း ဗဟိုဘဏ်သတ်မှတ် အတိုးနှုန်းတိုင်း ထုတ်ချေးသွားမှာ''ဟု Rent 2 Own Myanmar Co.ltd မှ Mr.Philippe Lenain ကပြောသည်။



Comments