မန်မာနိုင်ငံ၏အကြီးဆုံး PUBG Mobile ပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်များကိုမြန်မာပလာဇာတွင်ဇူလိုင်(၂၀)ရက်နေ့တွင်စတင်ကျင်းပပြီး ၂၁ရက်နေ့ထိကျင်ပပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကြီးကို Samsung Myanmar မှ ပံ့ပိုးကူညီထား ပြီး ယခုပြိုင်ပွဲကြီးတွင် မေလမှစတင်၍ အသင်း ၅၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အွန်လိုင်းပွဲစဉ်အဆင့် ၂ ဆင့်ကစားခဲ့ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးတွင်လက်ရွေးစင်၂၀သာယှဉ်ပြိုင်ကစားသွားကြမည်ဖြစ် သည်။
နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်ဆုကြေးငွေအဖြစ်အနိုင်ရရှိသောအဖွဲ့သည် ကျပ်ငွေ ၅၅ သိန်း ၊ ဒုတိယဆု ရရှိသော အဖွဲ့သည် ကျပ်သိန်း၃၀ ၊ တတိယဆု ရရှိသောအဖွဲ့သည်ကျပ် ၁၀ သိန်း နှင့်စတုတ္ထဆု ရရှိသောအဖွဲ့သည်ကျပ် ၅ သိန်း ရရှိမည်ဖြစ်သည်။ Most Kills Player ကစားသမားနှင့် Most Kills Team အဖွဲ့သည် ကျပ် ၁ သိန်းစီချီးမြင့်ပေးအပ်မည်ဖြစ်ကြောင်းသိရှိရသည်။

Comments
Post a Comment