ထိုင်း၊ကိုရီးယား၊​ဆော်​ဒီအာ​ရေဗျနိုင်​ငံတို့မှပါဝင်​ပြသမည့်​Myanmar Food Bev နှင့် Myanmar Retail Sourcing Expo 2019 ပြပွဲကျင်းပမည်

Myanmar Food Bev နှင့် Myanmar Retail Sourcing Expo 2019 ပြပွဲကို ရန်ကုန်မြို့တပ်မတော်ခန်းမ
တွင် သြဂုတ်လ ၁၅ရက်နေ့မှ၁၇ ရက်နေ့ထိပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၄ရက်နေ့ကပြု
လုပ်ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှသိရသည်။

အဆိုပါကုန်စည်ပြပွဲတွင် ပြည်တွင်းမှပါဝင်ပြသသူများ အပြင် ထိုင်း ၊ ကိုရီးယားနှင့်ဆော်ဒီအာရေဗျ နိုင်ငံတို့မှ လည်းပါဝင်ပြသမည်ဖြစ်သည်။ ပြပွဲအတွင်းနောက်ဆုံးပေါ် အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများ
အတွက်လိုအပ်သည့် ကုန်ကြမ်း၊ ကုန်ချောပစ္စည်းများ အပြင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း
တို့မှအလှဆင်ပစ္စည်းများ၊ လက်လီလုပ်ငန်းများအတွက် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာများနှင့် လက်လီလုပ်ငန်းများအတွက် လိုအပ်သည့်ကုန်ပစ္စည်းများကိုလဲ ပြသသွားမည်ဖြစ်သည်။

“ မြန်မာနိုင်ငံရဲ့စားသောက်ကုန်၊အဖျော်ယမကာလုပ်ငန်းကဏ္ဍကနောင်လာမယ့်နှစ်တွေမှာတိုး
တက်လာမယ့်အခြေအနေတွေရှိပါတယ်။ ” ဟု မြန်မာနိုင်ငံစားသောက်ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဌဦးနေလင်းကရှင်းပြသည်။

ယခုကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းအသစ်များကို မိတ်ဆက်မည်ဖြစ်ပြီး Weste Management in Restaureant Business ခေါင်းစဉ်ဖြင့် Myanmar Restaurant Association မှတာဝန်ရှိသူများဆွေးနွေးခြင်း ၊ စကားဝိုင်းဆွေးနွေးပွဲအဖြစ်  How Franchies Work ကို Myanmar Retail Association မှပညာရှင်များမှ လာရောက်
ဆွေးနွေးသွားမည်ဖြစ်သည်။

Comments