MPT တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အရေးကောင်းတစ်ခုအဖြစ် ဘွဲ့ရပြီးစ လူငယ်များ အတွက် မိမိတို့အနာဂတ်ကို ပုံဖော်နိုင်မည့် အခွင့်အလမ်းတံခါးဝကို ဖွင့်လှစ် ပေးလိုက်ပြီ ဖြစ်ကြောင်းသိရသည်။
ဆက်သွယ်ရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်လိုကြသည့် ဘွဲ့ရပြီးစလူငယ်များ အနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီပါက MPT ၏ ၂၀၁၉ ခုနှစ် အလုပ်အကိုင် အခွင့်အလမ်း အစီအစဉ်တွင် လျောက်ထားနိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
MPT ရန်ကုန်ရုံး ရှိ ဌာနများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက်
(က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
(ခ ) အခြေခံကွန်ပျူတာနှင့် အခြေခံအင်္ဂလိပ်စာတတ်ကျွမ်းသူဖြစ်ရမည်။
(ဂ ) လုပ်ငန်းအတွေ့အကြုံမရှိသူများလျှောက်ထားနိုင်သည်။
(ဃ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(င ) ရန်ကုန်မြို့ MPT ရုံးချုပ်ရှိ ဌာနများတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
Outside Plant Supervisor ရာထူးတွင် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက်
(က) B.E/ B.Tech/ A.G.T.I (Civil, Mechanical, Electronic, Mechatronics, Electrical Power) ဘွဲ့ရရှိသူ (သို့မဟုတ်) B.Sc/ M.Sc (Mathematics, Physics) ဘွဲ့ရရှိသူ ဖြစ်ရမည်။
(ခ ) အခြေခံကွန်ပျူတာနှင့် အခြေခံ အင်္ဂလိပ်စာတတ်ကျွမ်းသူဖြစ်ရမည်။

(င) နေရာဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
စိတ်ပါဝင်စားသူများသည် အလုပ်လျှောက်လွှာ(CV) အား ပညာအရည်အချင်းမှတ်တမ်းများနှင့်အတူ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက် နေ့မှစတင်ကာ jobs@mptjo.com.mm သို့ ပေးပို့သွားရန် လိုအပ်ပြီး၊ အသေးစိတ်သိလိုသည်များကို 01-380666 ၊ 09-423006347 နှင့် 09-423005225 တို့သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းသိရသည်၊

Comments
Post a Comment