MPT ၏ နှလုးံသားထဲကမြန်မာ အစီအစဉ်မှ နိုင်ငံတစ်ဝှမ်း လူမှုအကျိုးပြုလုပ်ငန်းများအတွက် စာနယ်ဇင်းရှင်လင်းပွဲကျင်းပ

မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT)သည် နိုင်ငံတစ်ဝှမ်း လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ် စာနယ်ဇင်းရှင်းလင်းပွဲကို ဇူလိုင် ၁၂ ရက်၊နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ MPT Rooftop တွင် ကျင်းပခဲ့သည်။

MPT က ဒီဂျစ်တယ်နည်းပညာတိုးတက်မှုများအတွက် ဦးတည်ဆောင်ရွက်နေခြင်းနှင့်အတူ ခေတ်သစ်ဆက်သွယ်ရေးနည်းလမ်းများကို နိုင်ငံတစ်ဝှမ်းရှိဒေသစုံတွင်ဖြန့် ကျက်ပေးခြင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းကာ နိုင်ငံအနှံအပြားတွင် တိုးတက်ပြောင်းလဲမှုများကို ဖော်ဆောင်လျက်ရှိသည်။လိုအပ်သောနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းပေးခြင်းနှင့်အတူ တစ်နိုင်ငံလုးံရှိသုးံစွဲသူ ပြည်သူတို့ ၏ လူနေမှုဘဝများကိုတိုးတက်ပြောင်းလဲလာစေရန်အတွက်လည်း လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်​သုသိရသည်​။

ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် MPTသည် မိမိတို့ ရှိထားသောအကျိုးအမြတ်များကို နိုင်ငံအတွက် ပြန်လည်အသုးံပြုလျက်ရှိပြီး အဓိကကဏ္ဍကြီး သုးံရပ်ဖြစ်သော ပညာရေး ကျန်းမာရေး စွန့် ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ ဖြိုးရေးစသည်တို့ တွင် အထောက်အပံ့ဖြစ်စေမည့် လူမှုအကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ဒေသခံပြည်သူများနှင့်အတူ စုပေါင်းဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သည့် မှတ်တိုင်များကိုလည်း စိုက်ထူ ဖော်ဆောင်ခဲ့ပြီးဖြစ်သည်ဟုသိရသည်​။

အဆိုပါရှင်းလင်းပွဲတွင်  MPTသည် လူမှုအကျိုးပြုလုပ်ငန်းမျာဖြစ်သည့် စုပေါင်းသွေးလှူဒါန်းပွဲများ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုများ စုပေါင်းသန့် ရှင်းရေးလုပ်ရှားမှုများနှင့် ပတ်သက်၍ ဆက်လျက်လုပ်ဆောင်သွားမည်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့​ကြောင်းသိရသည်​။



                               

Comments