Love Koreaပွဲကိုသြဂုတ်လ၂၅ရက်နဲ့၂၆ရက်မှာရန်ကုန်မြို့junction city ပရိုမိုးရှင်းဧရိယာတွင်ကျင်းပသွားမှာဖြစ်ပြီးLove Koreaပွဲတွင်K-Pop Cover Danceပြိုင်ပွဲကိုထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့သိရသည်။
ကိုရီးယားနိုင်ငံ ခရီးသွားလာမှုဆိုင်ရာ ကော်ပိုရေးရှင်း- ဘန်ကောက် ရုံးခွဲ (KTO)မှLove Korea ပွဲကို ကြီးမှုးကျင်းပခြင်းဖြစ်ရာ“Love Korea: K-Pop Cover Dance ပြိုင်ပွဲ”
ကိုLove Korea ကျင်းပသည့်နေ့ Stage ပေါ်တွင် Finalist အနေဖြင့်အဖွဲ့ (၆)ဖွဲ့သာ ဝင်ရောက်ယှဉ်ပြိုင်ကြရမှာဖြစ်သည်။
ပြိုင်ပွဲအနိုင်ရသူများကိုပေးအပ်မည့်ဆုကြေးများအနေဖြင့် Winner -ကို1000,000Ks ၊ 1st Runner up –ကို 500,000Ks ၊ 2nd Runner up -ကို 300,000Ks အသီးသီးချီးမြှင့်ပေးသွားမှာဖြစ်သည်။
ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားသည့်K-Popper များအနေဖြင့်Dance Audition-မှာသြဂုတ်လ၂ရက်နေ့မနက်၁၁:၀၀မှည ၈:၀၀နာရီအထိဖြစ်ပြီးDuwun Media’s Office - First Floor,၊ Diamond Condo,၊ Building-E ၊ပြည်လမ်း၊ ကမာရွတ်မြို့နယ်တွင်သွားရောက်စာရင်းပေးယှဉ်ပြိုင်နိုင်ကြောင်းသိရသည်။
Love Korea ပွဲတွင်မြန်မာနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး Boy Group ဖြစ်တဲ့ Project-Kရဲ့ ဖျော်ဖြေမှု၊ နာမည်ကြီး တေးသံရှင်Key ရဲ့ ဖျော်ဖြေမှု၊ ၊ K-Pop ကို နှစ်ခြိုက်တဲ့ KPopper တွေအတွက် K-Pop Cover Dance ပြိုင်ပွဲတွေ အပြင် ကိုးရီးယား စကားပြောစွမ်းရည်ပြိုင်ပွဲ၊ အစားတစ်လိုင်းတွေအတွက် ကိုရီးယား အစားအသောက်တွေကို မြည်းစမ်းခွင့် စသည့်စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များပါဝင်ကြောင်းသိရသည်။
Love Korea ပွဲတွင်ကိုရီးယား ထုတ်ကုန်ပစ္စည်းများကိုဝယ်ယူနိုင်မှာ ဖြစ်သလို ကိုရီးယာနိုင်ငံကို သွားရောက်လည်ပတ်ချင်တဲ့ Korea Lovers တွေ အတွက်လည်းခရီးသွား အေဂျင်စီတွေမှအသက်သာဆုံး ဈေးနှုန်းများဖြင့် ဆွေးနွေးညှိနှိုင်းပေးသွားမှာဖြစ်ကြောင်း ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုအစားအစာများFashion Trend များခရီးသွားလုပ်ငန်းတွေနဲ့ ရင်းနှီးခွင့်ရမယ့်အစီအစဉ်များထည့်သွင်းသွားမှာဖြစ်ကြောင်းသိရသည်။

Comments
Post a Comment