ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် နာမည်ကြီးဟိုတယ် ပိုင်ဆိုင်နိုင်မည့် Laya Resort အရောင်းပြပွဲရန်ကုန်မြို့၌ကျင်းပမည်

အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုဒ်ဖြစ်သောiMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် United Fortune Co., Ltd တို့ပူးပေါင်းကျင်းပသော ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရှိ Laya Resort အရောင်းပြပွဲကို လာမည့်၊ သြဂုတ်လ (၃) နှင့် (၄) ရက်နေ့များတွင်  ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်သာယာစင်တာ ၊ Wyndham Grand Yangon Hotel  တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပပြုလုပ်သွားမည်ဟုသိရသည်။

အဆိုပါပြပွဲ (၂) ရက်အတွင်း ဝယ်ယူသူများသည် အထူးပရိုမိုးရှင်းအနေဖြင့် ဖူးခက်ကမ်းခြေသို့ အခမဲ့ လေ့လာရေးခရီးစဉ်များ ၊ ၁ နှစ်လျှင် (၃၀) ရက် အခမဲ့ တည်းခိုခွင့်များ နှင့် ကျပ်ငွေ သိန်း (၇၀) တန်ဖိုးရှိ ပရိဘောဂနှင့် လျှပ်စစ်ပစ္စည်းများ ရရှိနိုင်မည်ဟုသိရသည်။

Laya Resort သည် ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်ဖြစ်ပြီး ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် တည်ရှိပြီး အဆိုပါ Resort တွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အိမ်ငှားရမရ စိတ်ပူရန်မလိုခြင်း ၊ ပြန်ရောင်းလျှင် ဈေးလျော့မှာ စိတ်ပူရန်မလိုခြင်း ၊ အခွန်အခများပေးရမည်ကို စိတ်ပူရန်မလိုခြင်း ၊ ရင်းနှီးမြှပ်နှံမှု အစမှ အဆုံး အသေးစိတ် စီမံခန့်ခွဲရန်မလိုသည့်အပြင် ကျပ်ငွေ တစ်လ သိန်း ၅၀ ပေးသွင်းရုံ ဖြင့်ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ပြီးအကျိုးအမြတ်ခွဲဝေရာတွင်လည်း ပထမ (၅) နှစ်အတွင်းတွင် အငှားအာမခံဝင်ငွေ (၇%) ရရှိမည်ဖြစ်ပြီး ဒုတိယ (၁၀) နှစ်အတွင်းတွင် ဟိုတယ် အသားတင်အမြတ် ခွဲဝေမှု ၁၀ % အထိရရှိမည်ဖြစ်သည်။ အချိန်ကာလအားဖြင့် ၁၀နှစ်မှ ၁၂ နှစ်အတွင်း အရင်းကြေနိုင်မည်ဖြစ်သည်။ လစဉ်ပြန်လည် ငှားရမ်းမှုအနေဖြင့် ကျပ်ငွေ ၂၂ သိန်းအထိ ရရှိနိုင်မည်ဟုသိရသည်။

“ ဒီအရောင်းပြပွဲမှာတော့ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာရှိတဲ့ Laya Resort ကအခန်းတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီပွဲဟာဆိုရင် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာအဆင့်မှီ ဟိုတယ်လုပ်ငန်းစုကြီးတွေမှာ ပါဝင်ရင်းနှီးမြှုပ်နှံလို့ ရနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့  နာမည်ကြီး ဟိုတယ်ကို ပိုင်ဆိုင်နိုင်မည့် အထူးအခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ် ။ အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားရင် ဒီ Laya Resort မှာ ပါဝင်ရင်းနှီးမြှုပ်နှံထားပါ။ အငြိမ်းစားယူနိုင်မည့် လစဉ်ဝင်ငွေကို ပြန်လည်ရရှိနိုင်မှာပဲ ဖြစ်ပါတယ် ”  ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူကပြောသည်။



Comments