KBZPay မှ“ချိတ်ဆက်ပေါင်းစည်းမှုများ” ကို အဓိကထားသည့် ပထမဦးဆုံးအကြိမ် တစ်နိုင်ငံလုံးတွင်ကမ်ပိန်းတစ်ခုကျင်းပမည်

 KBZPay မှ မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများကို နိုင်ငံတစ်ဝန်းမှ ပြည်သူများ သတိပြုမိလာစေရန်နှင့် အထူးသဖြင့် လူတစ်ဦးနှင့် တစ်ဦး၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေများနှင့် စီးပွားရေး လုပ်ငန်းများအကြား ချိတ်ဆက်ပေါင်းစည်းမှု ပိုမို တိုးပွားလာစေရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကမ်ပိန်းတစ်ခု ကျင်းပ  ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ ကမ်ပိန်း အထိမ်းအမှတ်အဖြစ် KBZPay မှ အသုံးပြုသူများအတွက် ချိတ်ဆက်ပေါင်းစည်းခြင်း၏ သင်္ကေတအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပုံဖော် ရိုက်ကူးထားသည့် ကြော်ငြာ ဇာတ်လမ်းများအား ရုပ်မြင်သံကြားနှင့် အွန်လိုင်း ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသ သွားမည် ဖြစ်​ကြောင်းသိရသည်​။

KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကို က “KBZPay က ဘဏ်ခွဲတွေရဲ့ အပြင်ဘက်အထိ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်အောင် ဖန်တီးပေးပြီး အားလုံးအသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ရရှိ နိုင်အောင်နဲ့ အဲဒီ့ဝန်ဆောင်မှုတွေကနေ ပြည်သူတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်အောင် စွမ်းဆောင်ပေးမယ့် ကျွန်တော် တို့ရဲ့ နည်းပညာ သော့ချက်တစ်ခုပါပဲ။ KBZPay ရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်မှာ အသုံးပြုသူတွေ၊ ဈေးဆိုင် ပိုင်ရှင်တွေနဲ့ ကိုယ်စားလှယ်တွေအပါအဝင် ဘဏ်တွေကိုပါ အစိတ်အပိုင်းတစ်ခုအနေနဲ့ ချိတ်ဆက် အသုံးပြုစေပြီး စီးပွားရေးစနစ် အကူးအပြောင်းကာလမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ အားလုံး ပေါင်းစည်းပါဝင်နိုင်အောင် လုပ်ကိုင်  ပေးလျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်​။

“အရင်နှစ်ကစပြီး KBZPay ဟာ မြန်မာနိုင်ငံမှာရှိတဲ့သန်းပေါင်းများစွာသော  ပြည်သူတွေကို  ငွေကြေးဆိုင်ရာနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်မှာ ပါဝင်လာပြီး တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ပေါင်းစည်းပေးတဲ့ သင်္ကေတအနေနဲ့ ရှိပေးခဲ့ ပါတယ်။ ဒီ တွန်းအားတွေကြောင့်ပဲ မြန်မာနိုင်ငံက လူတစ်ဦးနဲ့တစ်ဦး၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအကြား KBZPay က ဘယ်လိုမျိုး ချိတ်ဆက်ပေါင်းစည်းပေးနိုင်ခဲ့တယ် ဆိုတဲ့အကြောင်း ဘဝ အတွေ့ အကြုံပေါင်းများစွာကို တင်ဆက်ပြသပေးနိုင်မယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကမ်ပိန်းတစ်ခုကို စတင်ဖြစ်ခဲ့တာပါ” ဟုထပ်မံ ပြောသည်


Comments