Hilton မြန်မာ မှ ကမ္ဘာ့လူငယ်များကျွမ်းကျင်မှုနေ့ အထိမ်းအမှတ်အဖြစ် Career@Hilton အလုပ်အကိုင်ရှာဖွေရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Hilton မြန်မာမှ မြန်မာနိုင်ငံ၏ အရှိန်အဟုန်ဖြင့် တိုးတက်လာ သောဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုများစွာလိုအပ်ချက်များအား သတိပြုမိသည့် အတွက် ဒေသခံပြည်သူများ နှင့် နယ်ပယ်အသီးသီးရှိ အလားအလာကောင်းသော ထူးချွန်လူငယ်များ ပေါ်ထွန်းလာစေရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရန်အတွက် တစ်တပ်တစ်အား ဖန်တီးဖော်ဆောင်ပေးလျက်ရှိ​ကြောင်းသိရသည်​။

၂၀၁၉ ခုနှစ်သည် Hilton နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ဖြစ်သည့်အတွက် Hilton မန္တလေးနှင့် Hilton နေပြည်တော်တို့တွင် အလုပ်အကိုင်ရှာဖွေရေး အလုပ်ရုံဆွေးနွေးပွဲ Career@Hiltonကျင်းပသွားမည်ဖြစ်ရာ Hilton မန္တလေးတွင် ဇူလိုင်လ ၁၅ ရက်နေ့က Cluster Learning & Development ၏ မန်နေဂျာ ဖြစ်သူ Alvin Fernandez ၏ ဦးဆောင်မှုဖြင့် ဟိုတယ် ဝန်ဆောင်မှုကဏ္ဍနှင့်သက်ဆိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရှေးရှု၍ ကျင်းပခဲ့သည်။ ၎င်းသည် Hilton ၏ ကတိကဝတ်တစ်ခုဖြစ်သော ကမ္ဘာတစ်ဝန်းရှိ လူငယ်တစ်သန်းခန့်အားအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း အတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်လျက်ရှိကြောင်း သိရသည်။

“Hilton ရဲ့ အနာဂတ်ဟာ ကြံ့ခိုင်ပြီး စည်ပင်ဝပြောတဲ့ လူ့အဖွဲ့အစည်းတွေ အထူးသဖြင့် လူငယ်လူရွယ်တွေ အပေါ်မှာ မူတည်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကနေချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖြတ်ရေး၊ ကမ္ဘာမြေကိုကာကွယ်စောင့်ရှောက်ရေးနဲ့ သာယာဝပြောရေးအတွက် လုပ်ဆောင်ဖို့ချမှတ်ထားတာကိုတွေ့ ရပါတယ်။ နောင်လာမယ့်မျိုးဆက်သစ်တွေ စွမ်းရည်တိုးတက်လာစေဖို့ ကျွန်မတို့အားလုံးရင်းနှီးမြှုပ်နှံကြမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု Hilton မြန်မာ၏ Cluster General Manager ဖြစ်သူVeronique Sirault မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူငယ်များအတွက် အလုပ်အကိုင်တစ်သန်းခန့် လိုအပ်လျက်ရှိနေကြောင်း ကုလသမဂ္ဂရန်ပုံငွေအဖွဲ့၏ Myanmar Population and Housing Census Thematic Report on Population Dynamics ၂၀၁၄ အရသိရပြီး အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် အလေးထားလုပ်ဆောင်သင့်ကြောင်းတွေ့ရှိရ သည်။ Hiltonအနေဖြင့် ၂၀၁၄-၂၀၁၉ ခုနှစ်အတွင်း လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်သော ကတိကဝတ် အကောင်အထည်ဖော်ရာတွင် ချိတ်ဆက်ပေးမှု၊ ပြင်ဆင်ပေးမှုနှင့် ခန့်အပ်ထားမှုများအား ယခုလက်ရှိချိန် အထိ Hilton မြန်မာအပါအဝင် သိန်းနှင့်ချီသောလူငယ်များအတွက် လုပ်ဆောင်ပေးခဲ့ပြီးဖြစ်​ကြောင်းသိရသည်​။

Career@Hilton အလုပ်ရုံဆွေးနွေးပွဲသည် “ကမ္ဘာမြေအား အလင်းရောင်ခြည်နှင့် နွေးထွေးသော ဧည့်ဝတ်ပျူငှာမှုများနှင့် ပြည့်နှက်စေရမည်” ဟူသော Hilton ၏ မျှော်မှန်းချက်များနှင့်အညီ နှစ်စဉ်ကျင်းပသွားမည်ဖြစ်ပြီး ဟိုတယ်ဝန်ဆောင်မှု ကဏ္ဍအား စိတ်ပါဝင်စားသည့် လူငယ်များအတွက် Hilton မြန်မာနှင့်အတူ လက်တွဲလုပ်ဆောင်နိုင်မည့် ထူးခြားသော အခွင့်အရေးတစ်ခုလည်းဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ချိတ်ဆက်ဆောင်ရွက်ပေးမှုများသာမက လက်ရှိတွင် တာဝန်ထမ်းဆောင်လျက်ရှိသော Hilton မြန်မာရှိ လုပ်ဖော်ကိုင်ဖက်များမှ ၎င်းတို့၏ ထူးချွန်သော သက်မွေးဝမ်းကြောင်း များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဟိုတယ်နှင့် ပတ်သက်သော အလုပ်အကိုင် ကဏ္ဍများဖြစ်သည့် ချက်ပြုတ်ရေး ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ငွေကြေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကြော်ငြာကဏ္ဍ နှင့် ဟိုတယ်ရေးရာကဏ္ဍတို့ ပါဝင်သည်။

ဟိုတယ်ဝန်ဆောင်မှုကဏ္ဍ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်၍ Hilton မြန်မာ၏ Cluster General Manager ဖြစ်သူ Veronique Sirault မှ “ဟိုတယ်ဝန်ဆောင်မှုကဏ္ဍဟာ အထူးသဖြင့်လူငယ်တွေအတွက် အလုပ်အကိုင် ရရှိဖို့အတွက်မှာ အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ ကမ္ဘာ့နေရာအသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိရုံသာမကဘဲ ပိုမိုကောင်းမွန်နိုင်ဖို့နဲ့ ရွှေ့ပြောင်းလုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုးတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဟိုတယ်ဝန်ဆောင်မှု ကဏ္ဍမှာ ပါဝင်တဲ့အလုပ်အကိုင်တွေဟာဆိုရင် ရွှေ့ပြောင်းရလွယ်ကူတဲ့ ဘဝနေမှုမျိုးကိုလည်းရရှိနိုင်ပါတယ်” ဟုထပ်မံ ပြောကြားခဲ့သည်။

Hilton သည် ယခုလက်ရှိတွင် Hilton နေပြည်တော်၊ Hilton ငပလီနှင့် Hilton မန္တလေးတို့ဖြင့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးလျက်ရှိရာ ဖွံ့ဖြိုးမှုဆိုင်ရာစီစဉ်ဆောင်ရွက်နေမှုအရ ပုဂံနှင့်ရန်ကုန်မြို့တွင် လာမည့်နှစ်များအတွင်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။






Comments