တရုတ်နိုင်ငံတွင်ရောင်းအားအကောင်းဆုံး Gree လျှပ်စစ်ပစ္စည်းများ မြန်မာပြည်တွင် ထုတ်လုပ်မည့် စက်ရုံဖွင့်
တရုတ်နိုင်ငံက ရောင်းအား အကောင်းဆုံး စာရင်းဝင် အဲကွန်းနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ် ရောင်းချရန် Gree ကုမ္မဏီ က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံမှု ပြုလုပ်သည့်အနေဖြင့် Gree စက်ရုံ ဖွင့်ပွဲကို ဇူလိုင် ၁၇ ရက်၊နံနက် ၁၀ နာရီ ခွဲက လှိုင်သာယာ မြို့နယ် စက်မှုဇုန် ၅ ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဖွင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်- ၁ မဲဆန္ဒနယ် ၊ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင် ၊ အမှတ် - ၂ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Gree ကုမ္မဏီကို ၁၉၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံ ကျူးဟိုင်မြို့မှာ အခြေပြုထုတ်လုပ်ခဲ့ပြီး ဘရာဇီး ၊ ပါကစ္စတန် အပါဝင်ပြည်နယ်ပေါင်း ၁၄ ခုမှာ ကိုယ်ပိုင်နည်းပညာ ကိုယ်ပိုင် ဒီဇိုင်း နဲ့ ထုတ်လုပ်ထားသည်ဟုသိရသည်။
အဲကွန်းအပါဝင် တခြား အီလက်ထရောနစ်ပစ္စည်းပေါင်း များစွာကိုလည်း ထုတ်လုပ်ပေးသည့်ကုမ္မဏီ တစ်ခုဖြစ်ကြောင်း သိရသည်။
Comments
Post a Comment