ကြိမ်နှုန်း - Frequency " ရုပ်ရှင်ကားကြီးရိုက်တဲ့အခါစိတ်ထဲမှာခြောက်ခြားမှုတွေတော့ဖြစ်တယ်ဆိုတဲ့အကယ်ဒမီအိန္ဒြာကျော်ဇင်

၁၉ရာစုနှစ် အမျိုးသမီးတစ်ယောက်၏ ဘဝဇာတ်ကြောင်းကိုအခြေခံထားသောဝိညာဉ်လောက နှင့် လူ့လောကကြားက "ကြိမ်နှုန်းရုပ်ရှင်ဇာတ်ကားကြီးတွင်အဓိကသရုပ်ဆောင်ဖြစ်သောအိန္ဒြာကျော်ဇင်ကတော့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးစဉ်အခါကစိတ်ထဲမှာခြောက်ခြားမှုတွေတော့အနည်းငယ်ဖြစ်ပေါ်ခဲ့တယ်လို့ " ကြိမ်နှုန်း - Frequency " Page အမေးအဖြေကဏ္ဏတွင်ပြောကြားခဲ့သည်။

"မရိုက်ဖူးတဲ့အပြင်အခုရိုက်တဲ့အဲ့ဒီအိမ်အနောက်ဖက်ဆိုတစ်ခါမှမရောက်ဖူးဘူးဒီကားရိုက်တော့မှရောက်ဖူးတာထူးခြားမှုတစ်ခုကတော့ရှိတယ်ကိုယ့်စိတ်ကပဲကိုယ်ရိုက်နေတဲ့ဇာတ်လမ်းအမျိုးအစားကြောင့်လဲပါတယ်ရိုက်တဲ့surroundingကလဲစကားပြောတာပေါ့ရိုက်တဲ့အခါလဲညဘက်တွေပဲရိုက်တာများတော့စိတ်ထဲမှာခြောက်ခြားမှုလေးတွေတော့ရှိတယ်အထူးသဖြင့်အမကသိပ်မကြောက်တက်ဘူးတစ်ခုခုဆိုဖြေတွေးတက်တယ်လေတိုက်လို့ပါလို့ပေါ့အဲ့ကားရိုက်တဲ့အခါဘယ်လိုဖြစ်မှန်းကိုမသိဘူးစိတ်ထဲမှာခြောက်ခြားမှုလေးတွေပေါ့Toiletသွားတဲ့အခါဟိုကြည့်ဒီကြည့်လေးတွေတော့ဖြစ်တယ်အဲ့ဒါတော့အမှတ်တရပဲတခါမှအဲ့လို့မဖြစ်ဖူးဘူး"လို့သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကပြောသည်။


" ကြိမ်နှုန်း - Frequency " ရုပ်ရှင်ဇာတ်ကားကြီး၏ ထူးခြားချက်များထဲမှ တခုဖြစ်သော Official Poster အား Avenger - End Game , Captain Marvel , Captain America , Spider-Man - In to the Spiderverse , Star War , Brightburn နှင့် အစရှိသော ရုပ်ရှင်ဇာတ်ကားကြီးများ၏ illustrator နှင့် Poster Artists ဖြစ်သော Doaly မှ Dark Horror ဆန်ဆန်ဖန်တီးပေးထားပြီး ဇာတ်ကားကြီး၏ အနုပညာလက်ရာများကို ပိုမိုအသက်ဝင်အောင် အားဖြည့်ထားကြောင်းလည်းသိရသည်။

"လက်ခံဖြစ်တာတော့အဓိကဇာတ်လမ်းပေါ့ဇာတ်လမ်းကအဆန်းကြီးဖြစ်နေတာပေါ့ကိုယ်တခါမှမရိုက်ဖူးဘူးကိုယ်လုပ်ရမယ့်ကာရိုက်တာပေါ့လုပ်ရမယ်ပုံကလည်းထူးခြားတယ်နောက်အမတို့ဆိုရိုက်ဖူးတဲ့ဇာတ်လမ်းတွေကများတယ်ဒါဆိုလဲကွဲထွက်တယ်ဒီကားထဲမှာအဟောင်းဆိုလို့မခိုင်ကြီးနဲ့အမပဲရှိတာကျန်တာအသစ်တွေနဲ့ဖန်တီးမယ့်ဟာမျိုးကိုယ့်လောကအတွက်အသစ်တွေဆိုလဲအမြဲwelcomeလုပ်ချင်တာမျိုးဆိုတော့အသစ်တွေကိုလဲအတူတူလက်တွဲပြီးလုပ်ချင်တဲ့ဆန္ဒနဲ့လိုက်ခံဖြစ်သွားတာပါ"လို့လည်းသူမကပြောခဲ့သည်။

ဒါရိုက်တာ ခန့်မာန်ထည်ရိုက်ကူးထားပြီးဇာတ်လမ်းဒီဒီမြင့်မိုရ် ၊ မင်းပိုင်မြတ်သူဇာတ်ညွှန်း - ဒီဒီမြင့်မိုရ်
Director Of Photography - Vivekanand.MS
Art Director - Oak Thar Kyaw
နှင့်-SY FILM PRODUCTIONမှထုတ်လုပ်ရိုက်ကူးထားသည့်ယခုဇာတ်ကားကြီးတွင်သရုပ်ဆောင်များအဖြစ်အိန္ဒြာကျော်ဇင် ၊ ထွန်းအိန္ဒြာဗို ၊ မေဇင်မောင် ၊ မင်းထိုက် ၊ ဇော်မျိုးပိုင် ၊ ဟိန်းသစ်စ ၊ ခေတ်သစ် ၊ မင်းသွေးခန့် ၊ မေပိုပိုချစ် ၊ ရွှေရည်ရွှန်းပိုင် ၊ အန်နာ ၊ ထက်ကို ၊ ရွှန်းလဲ့နန္ဒာကို ၊ ရဲဝင်း ၊ ကိုကိုဦး ၊ ဌက်ပျောကြော် နှင့် သရုပ်ဆောင်များစွာပါဝင်ထားသည်။

ကြိမ်နှုန်း - Frequency ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၈ ရက်နေ့တွင် မြန်မာတစ်နိုင်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင်တစ်ပြိုင်နက် ပြသမည်ဖြစ်ကြောင်းလည်းသိရသည်။




Comments