Emerald Bay ရဲ့ Country Garden high-end Service ဝန်ဆောင်မှုတွေအကြောင်း မိတ်ဆက်ပွဲ နှင့် သရုပ်ပြပွဲကျင်းပ
EmeraldBay မှဇူလိုင်လ၊ ၁၃ ရက်နေ့က EmeraldBay ၏ အထွေထွေဝန်ဆောင်မှုများဖြစ်ည့် CountryGardenservice ဝန်ဆောင်မှုများအကြောင်းကိုမိတ်ဆက်ပြီးသရုပ်ပြပွဲကိုပါ EmeraldBay ကွန်ဒိုအိမ်ရာအရောင်းပြခန်းကြီးမှာကျင်းပပြုလုပ်သွား
ခဲ့သည်။
အဆိုပါသရုပ်ပြပွဲအစီအစဉ်တွင်-
ကားတာယာအစားထိုးလှဲလှယ်တပ်ဆင်ခြင်း၊ ကားရေဆေးခြင်းဝန်ဆောင်မှု၊ ကားဘက်ထရီပိုင်းဆိုင်ရာဝန်ဆောင်မှု ၊ကားလေထိုးဝန်ဆောင်မှု ၊အရေးပေါ်မီးကာကွယ်ရေးဝန်ဆောင်မှု ၊ရှေးဦးသူနာပြုအိမ်တွင်းစောင့်ရှောက်မှုအစရှိသည်လုံခြုံသည်နေထိုင်စရာဖြစ်အောင် EmeraldBay ၏အထွေထွေဝန်ဆောင်မှုများဖြစ်များ CountryGardenservice ရဲ့ဝန်ဆောင်မှုများအကြောင်းကိုမိတ်ဆက်ရင်းသရုပ်ပြပွဲကိုကျင်းပပြုလုပ်ခဲ့သည်။တက်ရောက်လာကြသည်EmeraldBay၏မိသားစုများဝင်များကိုလည်းကံစမ်းမဲဖောက်၍မေတ္တာလက်ဆောင်များကိုပေးအပ်ခဲ့ကြောင်းသိရသည်။
EmeraldBay ၏စီမံကိန်းကိုပြည်တွင်းရှိတက်လမ်းကုမ္ပဏီမှ၃၀ ရာခိုင်နှုန်းနှင့်စင်ကာပူဂိုလ်းဒန်းပါရာဂွန်မှ ၇၀ ရာခိုင်နှုန်းတို့ဖြင့်ပူးပေါင်းဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။
EmeraldBay စီမံကိန်းအားကာစတမ်မာများအတွက်တရားဝင်မိတ်ဆက်ရောင်းချခြင်းကို၂၀၁၉ခုနှစ်မတ်လ ၃၀ရက်တွင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီးရောင်းချမှုအပိုင်းတွင်လည်းအရစ်ကျစနစ်ဖြင့်သုံးနှစ်၊တစ်နှစ်စသည်ဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။နယ်မှဝယ်ချင်သည့်သူများအတွက်ချက်ခြင်းဝယ်ယူရန်မဖြစ်သည့်အတွက်ရန်ကုန်သို့လာကြည့်ရန်အတွက် ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
EmeraldBayစီမံကိန်းအားပြည်တွင်းရှိမြို့ကြီး၁၀မြို့နှင့်ပြည်ပနိုင်ငံများတွင်မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။အိမ်နီးချင်းနိုင်ငံများမှာရှိသည့်ကွန်ဒိုမီနီယံဥပဒေအရနိုင်ငံခြားသားတွေလည်းဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင်ပြည်တွင်းအိမ်ခြံမြေဈေးကွက်အားပြည်ပစိတ်ဝင်စားမှုနှုန်းမှာမြင့်တက်လျက်ရှိပြီးEmeraldBayပရော့ဂျက်မှာလည်းအင်တာနေရှင်နယ်အဆင့်မီအကောင်းဆုံးပရော့ဂျက်တစ်ခုဖြစ်လာစေရန် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ပြီးခဲ့သည့်နှစ် အောက်တို ဘာ ၂၇ ရက်တွင်မြန်မာနိုင်ငံရင်းနှီးမြှုပ် မှု၏ တရားဝင်ခွင့်ပြုချက်ကိုရရှိခဲ့ပြီး Phase1 ရှိတာဝါနှစ်လုံးကိုစတင်ရောင်းချနေပြီဟုသိရသည်၊
EmeraldBayအိမ်ရာစီမံကိန်းသည်မြန်မာနိုင်ငံ၊ရန်ကုန်မြို့၊သာကေတမြို့နယ်တွင်တည်ရှိပြီး၊ရန်ကုန်မြစ်၊ပဲခူးမြစ်နှင့်ပုဇွန်တောင်ချောင်းမြစ်ချောင်း၃ခုဆုံဆည်းရာနေရာတွင်တည်ရှိကြောင်းသိရသည်။

Comments
Post a Comment