အဆိုတော် ဟန်မင်းဆက်(ကလေးဝ) ၏ "ဟန်မဆောင်ဘဲ မုန်းလိုက်ပါ”DVD KARAOKE မိတ်ဆက်ပွဲကို ဇူလိုင် ၂၉ ရက်၊နေ့လည် ၁ နာရီက ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ORCHID HOTEL ၌ကျင်းပခဲ့သည်။
အဆိုပါမိတ်ဆက်သည့် DVD KARAOKE တွင် တေးရေး သဟာအောင်၊ ခေးကို၊ ရိုမီကို၊ ဖော်ဝေး၊ ဇွဲဝေယံနှင့် ဟန်မင်းဆက်တို့ ရေးသားထားသည့် "တိတ်တခိုး”"ကံမကောင်းတဲ့အချစ်”"အလွမ်းမြစ်ဆုံ”"မောင်ခေါ်ရာလိုက်ခဲ့တော့”"အဝေးကချစ်သူ”"ဟန်မဆောင်ဘဲမုန်းလိုက်ပါ”"ဘဲဥမ”"ဧရာကမ်းကလွမ်းနေသူ”"အာစရိလို့ခေါ်လိုက်ပါ”"မေ့ဖို့ကြိုးစားပါ”"တစ်ပင်တိုင်နှင်းဆီ”"မေ့ဖို့မေ့နေတယ်”စသည့် တေးသီချင်း ၁၂ ပုဒ်ကို KB Soe Moe မှတီးခတ် အသံဖမ်းပေးထားသည်။
အဆိုတော် ဟန်မင်းဆက်၏ တေးသီချင်းများကို ဒါရိုက်တာ မန္တလေးသားသူရ၊ သံစဉ်၊ ဒီလူဂျီးနှင့် မင်းသခင်တို့မှရိုက်ကူးထားပြီး သြဂုတ် ၇ ရက်နေ့တွင် မန်းသီရိ တေးသံသွင်းမှ ဖြန့်ချီမည်ဖြစ်ကြောင်း သိရသည်၊

Comments
Post a Comment