နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ဖြစ်လာနိုင်သည့်
"Dutch Mill Shining Star 2019 Model Contest" ပြိုင်ပွဲကြီးကိုဇူလိုင်လမှစတင်ကျင်းပသွားမှာဖြစ်ကြောင်းသိရသည်။
အသက် (၁၈)နှစ်မှ အသက် (၂၅)နှစ် အတွင်းရှိ အိမ်ထောင်မရှိသူ လူငယ်အမျိုးသား ၊ အမျိုးသမီးများ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး
အမျိုးသားများအတွက် အရပ်အမြင့် ၅ပေ ၆ လက်မနှင့်အထက်၊ အမျိုးသမီးများအတွက် အရပ်အမြင့် ၅ ပေ ၃ လက်မနှင့်အထက်ရှိရမည်ဖြစ်ကြောင်းမိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိသည့် မည်သူမဆို ဝင်ရောက်ယှဉ်နိုင်ကြောင်းသိရသည်။
ယခုပြိုင်ပွဲကြီးတွင်ဆုကြေးများအနေဖြင့်Dutch Mill Shining Star Award (အမျိုးသား) အတွက် ဆုငွေ ၁,၅၀၀,၀၀၀ သိန်း + သရုပ်ဆောင်ဖြစ်နိုင်မည့် အခွင့်အရေး
Dutch Mill Shining Star Award (အမျိုးသမီး) အတွက် ဆုငွေ ၁,၅၀၀,၀၀၀ သိန်း + သရုပ်ဆောင်ဖြစ်နိုင်မည့် အခွင့်အရေး1st Runner Up Award (အမျိုးသား) အတွက်ဆုငွေ ၅၀၀,၀၀၀ သိန်း ၊
1st Runner Up Award (အမျိုးသမီး) အတွက်ဆုငွေ ၅၀၀,၀၀၀ သိန်း ၊2nd Runner Up Award (အမျိုးသား) အတွက် ဆုငွေ ၂၅၀,၀၀၀ သိန်း နဲ့
2nd Runner Up Award (အမျိုးသမီး) အတွက် ဆုငွေ ၂၅၀,၀၀၀ သိန်း တို့အပြင် Special Award များဖြစ်တဲ့ Best Body Award (အမျိုးသား) အတွက် ဆုငွေ ၂၅၀,၀၀၀ သိန်း၊
Best Body Award (အမျိုးသမီး) အတွက် ဆုငွေ ၂၅၀,၀၀၀ သိန်း နဲ့Healthy Skin Award (အမျိုးသား) အတွက် ဆုငွေ ၂၅၀,၀၀၀ သိန်း၊
Healthy Skin Award (အမျိုးသမီး) အတွက် ဆုငွေ ၂၅၀,၀၀၀ သိန်းတို့အား ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
ထွန်းတောက်လာမည့် အနာဂါတ်မျိုးဆက်သစ်ကြယ်ပွင့်များကို ကြိုဆိုသည့်Dutch Mill Shining Star 2019 ပြိုင်ပွဲကြီးကို ဇူလိုင်လ ( ၂၁ )ရက်နေ့၌ တောင်ကြီးမြိ့တွင်လည်းကောင်း၊ ဇူလိုင်လ (၂၈) ရက်နေ့၌ မန္တလေးမြို့တွင်လည်းကောင်း၊ သြဂုတ်လ ( ၂ ) ရက်နေ့၌ မော်လမြိုင်မြို့ တွင်လည်းကောင်း၊ သြဂုတ်လ ( ၁၁ ) ရက်နေ့၌ ရန်ကုန်မြို့တွင်လည်းကောင်း ပဏာမလူတွေ့စစ်ဆေးခြင်းများပြုလုပ်သွားမည်ဖြစ်သည်။
မြို့တစ်မြို့တွင် ပဏာမ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် အယောက် ( ၅၀ ) ဦး သာ ရွေးချယ်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို ဖုန်းဆက်အကြောင်းကြားပေးမည်ဖြစ်ကြောင်း
မြို့တစ်မြို့ချင်းစီမှ စကာတင် (၆) ဦးကိုသာ ရွေးချယ်သွားမည်ဖြစ်ပြီး မြို့အသီးသီးမှ ရွေးချယ်ခံရသော စကာတင်ပြိုင်ပွဲဝင် (၂၄ ) ဦး သည် အောက်တိုဘာ ( ၆ ) ရက်နေ့၊ ရန်ကုန်မြို့၌ ကျင်းပမည့် Grand Final ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Comments
Post a Comment