ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုမြောက်ဒဂုံသို့ပြောင်းရွှေ့ဖွင့်လှစ်


ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုမြောက်ဒဂုံသို့စတင်ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

၄၃/၈၆၃အမှတ်၂၅ခေမာလမ်း၄၃ရပ်ကွက်ဒဂုံမြို့သစ်မြောက်ပိုင်းမှာဖွင့်လှစ်ထားတဲ့ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာကလေးစုစုပေါင်း၂၂ယောက်ရှိတယ်လို့လည်းသိရပါတယ်။

"မေမေ့ အမောတွေ ပြေရပါပြီ
ခိုကိုးရာမဲ့ တဲ့ သားသမီးတွေရဲ့ စားသောက်ရေး နေထိုင်ရေးအတွက် နေ့စဉ်နဲ့အမျှ တွေးပူနေရတဲ့ မိခင်တယောက်ရဲ့ ပူဆွေး သောက ကို မိခင်တိုင်း နားလည်နိုင်ကြမယ်ထင်ပါတယ်ရှင် ကျမသားသမီးတွေ ကျမ ရင်ခွင်ထဲ ရောက်လာတဲ့ အချိန်ကစ နေ့စဉ်ရက်ဆက် အဲ့ပူဆွေးမှု သောက ကို အလူးအလဲ ခံစားခဲ့ရတာ ကျမကိုယ်ကျမ အသိဆုံး ...
အိုးပိုင် အိမ်ပိုင် မဟုတ်ပေမယ့် မိုးလုံလေလုံ နဲ့ အေးချမ်းတဲ့အရိပ်လေးတခုမှာ ကျမ သားသမီးတွေတွက် အိမ်လေးတလုံး ငှားပြီးထားနိုင်ခဲ့ပြီ"လို့သရုပ်ဆောင်ခိုင်နှင်းဝေကပြောပါတယ်။

ပရဟိတမင်းသမီးလေးတစ်ဦးအဖြစ်ပရိတ်သတ်ကအချစ်ပိုရတဲ့ခိုင်နှင်းဝေကတော့မိဘမဲ့ကလေးလေးတွေကိုပြုစုစောင့်ရှောက်ပေးနေတဲ့အပြင်လုပ်ဖော်ကိုင်ဖက်အနုပညာမောင်နှမတွေအတွက်လည်းလိုအပ်တဲ့အကူအညီလေးတွေကိုတက်နိုင်သလောက်လုပ်ကိုင်ပေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

"ကျမ သားသမီးတွေ မျက်နှာမငယ်အောင် ကျမ မေတ္တာနဲ့ ကျမ လက်နဲ့ သေချာ ပြင်ဆင် နိုင်ခဲ့လို့ ပင်ပန်းလားမေးပြီး ကျမ ပြုံးပြီး ကျမ ဘယ်လောက်ပျော်နေကြောင်း ပြောပြမိမှာ ကျယ်ဝန်းလှတဲ့ နေရာမဟုတ်ပေမယ့် ဘယ်လောက် နွေးထွေးပြည့်စုံလိုက်သလဲ ရှင် ကျမ ခုတင်လိုက်တဲ့ ပုံလေးတွေ ကြည့် ပြီးရင် မိတ်ဆွေတို့ လည်း အပြုံးလေးတပွင့်တော့ ပြုံးမိ သွားမယ်ဆိုတာ ကျမ အာမခံ နိုင်ပါတယ် "လို့လည်းသူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားထားကြောင်းသိရသည်။

Comments