မြန်မာအမျိုးသမီးများအတွက် ရေရှည်အကျိုးရှိစေမည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုအော်ရီးဒူးကမတည်ထူထောင်ပေး
အူရီဒူးမြန်မာသည် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် အမျိုးသမီးများအတွက် အောင်မြင်မှု နှင့် အကျိုးသက်ရောက်မှုများ ရရှိစေသည့် ကျေးလက်အရောင်းဆိုင်များအား ဖွင့်လှစ်နိုင်ရန် မတည်ပေးခြင်းစီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း အခြေခံပညာအဆင့် သင်ကြားတတ်မြောက်ထားသော အမျိုးသမီးများကို ရွေးချယ်ပြီး ကိုယ်ပိုင်ကျေးလက်အရောင်းဆိုင်လုပ်ငန်းကို လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများကို အူရီဒူးမြန်မာက ဖော်ဆောင်ပေးခဲ့ကြောင်း သိရသည်။
အူရီဒူးမှ ငွေကြေးပံ့ပိုးပေးခြင်း၊ စီးပွားရေးဆိုင်ရာဗဟုသုတများ၊ ဒီဂျစ်တယ် ၀န်ဆောင်မှုများ၊ ထုတ်ကုန်များ နှင့် ဒီဂျစ်တယ်ဗဟုသုတ တိုးပွားရေး အစရှိသော သင်တန်းများပို့ချပေးခြင်းဖြင့် အပြည့်အဝ ပံ့ပိုးပေးခဲ့ပါသည်။ ကျေးလက်ဒေသနှင့် မြို့ပြနှင့် ဝေးကွာသော ဒေသအနီးတစ်ဝိုက်ရှိ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ သင်တန်းများ နှင့် ရေရှည်အကျိုးရှိစေသော ကိုယ်ပိုင်စီးပွာရေးလုပ်ငန်းများကို ဖန်တီးပေးခြင်းဖြင့် အမျိုးသမီးထုအတွက် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် လုပ်ပိုင်ခွင့်များအား အူရီဒူးက အဆိုပါအစီအစဉ်မှတဆင့် ဖော်ဆောင်ပေးခြင်းဖြစ်သည်။
အူရီဒူးမှ မြန်မာနိုင်ငံအနှံအပြားတွင် ကျေးလက်အရောင်းဆိုင်ပေါင်း (၇၀၀) ကျော်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉ခုနှစ်ကုန်တွင် ကျေးလက်အရောင်းဆိုင်ပေါင်း (၁,၀၀၀) အထိဖွင့်လှစ်ပေးနိုင်ရန် ရည်ရွယ်ထားသည်။ အူရီဒူးအနေဖြင့် မြန်မာအမျိုးသမီများကို ပိုမိုကောင်းမွန်သော အနာဂတ်ကိုပိုင်ဆိုင်ခွင့်ရရှိစေရန် လုပ်ပိုင်ခွင့်များကိုဆက် လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Comments
Post a Comment