ဧရာဝတီမြစ်အတွင်းသို့ ပလတ်စတစ်အမှိုက် တန်ချိန် ၁၁၉တန် ကိုနေ့စဉ် စွန့်ပစ်” နေ

Fauna & Flora International နှင့် မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ထုတ်နေသော လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော သန့်မြန်မာတို့၏ လတ်တလောလေ့လာမှုအရ ရာဝတီမြစ်သည် ပလတ်စတစ်ညစ်ညမ်းမှုဒဏ်ကို အလွန်အမင်းခံစားနေရကြောင်းတွေ့ရသည်။

မန္တလေးမှ ပြည်သို့ စီးဆင်းနေသော ရေးစီးကြောင်းတစ်လျှောက် သုတေသနပြုခဲ့ပြီး ကျွမ်းကျင်ပညာရှင်များမှ မြစ်ထဲသို့ ပလတ်စတစ်အမှိုက်(၁၁၉)တန် နေ့စဉ်ဝင်ရောက်လျှက်ရှိသည်ကို တွေ့ခဲ့ရသည်။ ညစ်ညမ်းမှုအများဆုံးနေရာမှာ အမှိုက်(၃၂)တန်ဝန်းကျင်ခန့်နေ့စဉ်စွန့်ပစ် နေသော မြစ်ဝကျွန်းပေါ်ဒေသ နှင့် ဒုတိယအများဆုံးအနေဖြင့် ရန်ကုန်မြစ်ထဲမှာခန့်မှန်းခြေ ပလတ်စတစ်အမှိုက်(၂၉)တန် နေ့စဉ်စွန့်ပစ် နေကြောင်း တွေ့ရှိရသည်။

ဇွန်လ ၉ ရက်၊ ၂၀၁၉ ခုနှစ် နေပြည်တော်တွင် ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် အတူ ယင်းတွေ့ရှိချက်များကို ဆွေးနွေးခဲ့ကြပါသည်။ “မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်အတွင်း ပလတ်စတစ်ညစ်ညမ်းမှု၏ စိန်ခေါ်မှုများ နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများဆိုင်ရာ” ခေါင်းစဉ်ဖြင့်အလုပ်ရုံဆွေးနွေးပွဲကို အဖွင့်အမှာစကားပြောကြားခဲ့သော သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရှောက်ရေးဦးစီးဌာနမှ ဒုတိယဝန်ကြီး Dr.ဦးရဲမြင့်ဆွေသည် ပလတ်စတစ် ညစ်ညမ်းမှုသည်မြန်မာနိုင်ငံ၏ အလှတရားများကို ပျက်စီးစေပြီး လူသားများ၏ ကျန်းမာရေးအပေါ် ဆိုးရွားစွာထိခိုက်စေကြောင်း ပြောကြားခဲ့​ကြောင်းသိရသည်​။
 

Comments