မြန်မာအမျိုးသမီးတို့၏ စိတ်ခွန်အားအတွက် လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းနိုင်မည့် သတင်းအချက်အလက်များ ပါဝင်သော “ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှုကို မိတ်ဆက်
ယနေ့ခတ်၏ ဒီဂျစ်တယ်ရေစီးကြောင်း အပြောင်းအလဲများ နှင့်အညီ အမျိုးသမီးများအတွက် ဗဟုသုတနှင့် ရသမျိုးစုံကို ပံ့ပိုးနိုင်ရန်အဓိက စီစဉ်ထားသော "ခင့်ကမ္ဘာ" ပေါ်တယ် ဝန်ဆောင်မှု အသစ်ကို MPT က ယနေ့ မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါဝန်ဆောင်မှုတွင် အမျိုးသမီးများ အတွက် အဓိကရည်ရွယ်ထားသော သတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီး အသက်အရွယ် အပိုင်းအခြား အားလုံးအပေါ် အထောက်အကူပြုနိုင်မည့် ဗဟုသုတနှင့် ရသမျိုးစုံကို http://khintkabar.com မှတစ်ဆင့် တစ်နေရာတည်းတွင် လေ့လာနိုင်မည်ဖြစ်သည်ဟုသိရသည်။
“ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှုသည် MPT သုံးစွဲသူများအတွက် သီးသန့်စီစဉ်ထားခြင်းဖြစ်ကာ အမျိုးအစား စုံလင်လှသော ဗဟုသုတများနှင့် ရသမျိုးစုံကို နေ့စဉ် စာရင်းသွင်း ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ MPT ၏ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး ကွန်ရက်မှ တစ်ဆင့် အဆိုပါ ပေါ်တယ်ဝန်ဆောင်မှုတွင် အမျိုးသမီးတို့၏ ပင်ကိုယ်အရည်အသွေး၊ ဗဟုသုတများ၊ ရသမျိုးစုံ၊ ပျော်ရွှင်မှု၊ အတွေးအခေါ် စသည်တို့အတွက် အကျိုးပြုပေးနိုင်မည့် သတင်းအချက်အလက်များကို ဖော်ပြပေးထားသည်။ MPT အသုံးပြုသူများသည် ၎င်းဝန်ဆောင်မှုတွင် ကဏ္ဍ (၈) ခု ဖြစ်သည့် ဆောင်းပါးများ၊ ပျော်စရာ၊ ပရိုမိုးရှင်းများ၊ အချက်အပြုတ်၊ DIY ၊ ဖက်ရှင်၊ အထွေထွေဗဟုသုတ နှင့် သီချင်းများ စသည်တို့ကို တစ်ရက်လျှင် ၉၉ ကျပ် နှုန်းဖြင့် သက်သက်သာသာ ရယူ အသုံးပြုနိုင်မည်ဖြစ်သည်ဟုသိရသည်။

Comments
Post a Comment