US ရှိ နိုင်ငံတကာ အစပျိုးလုပ်ငန်း များနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေး ရရှိမည့် Viettel Advance Solution Track 2019
ဆက်သွယ်ရေးအော်ပရေတာ Mytel သည် Viiettel နှင့် Vietchallenge မှ ဦးစီး ကျင်းပသော Viettel Advanced Solution Track (VAS Track 2019) ပြိုင်ပွဲ ကို ကြေညာခဲ့
ကြောင်းသိရသည်။
ကြောင်းသိရသည်။
ယခုပြိုင်ပွဲသည် “အမှန်တရား အသစ်များကို ဖန်တီးခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ပြည်တွင်း ပြည်ပ အစပျိုး လုပ်ငန်းရှင်များအတွက် တရားမျှတသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး အခက်အခဲ ပြဿနာများ ထိုးဖောက်ဖြေရှင်းနိုင်ရန် ဆက်သွယ်ရေးကဏ္ဍ ၏ အားသာချက်များနှင့် ပူးပေါင်းကာ လက်ရှိနှင့် အနာဂတ်ဘဝ တွင် ပြန်လည်အသုံးချနိုင်မည့် နိုင်ငံတကာအဆင့် မီ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုဖန်တီးနိုင်ရန် ရည်ရွယ်ကြောင်းသိရသည်။
အမေရိကန်နိုင်ငံတွင် ကျင်းပမည့် နောက်ဆုံးအဆင့် ပြိုင်ပွဲ၏ အကဲဖြတ်ဒိုင်အဖွဲ့တွင် ထင်ရှား ကျော်ကြားသော ကျွမ်းကျင်ပညာရှင်များ ဖြစ်သည့် Mark Cuban ကုမ္ပဏီ၏ CEO နှင့် Koch Disruptive Technologies ၏ ဒါရိုက်တာ တို့မှ ပါဝင်သုံးသပ် အကဲဖြတ်သွားမည် ဟုသိရသည်။
ဤပြိုင်ပွဲသည် နိုင်ငံတကာ မှဝင်ရောက်ယှဉ်ပြိုင်ချင်သူများ၊ အဖွဲ့အစည်း (သို့မဟုတ်) စီးပွားရေး လုပ်ငန်းများ မှလည်းပါဝင်နိုင်မည်ဖြစ် ပြီး တီထွင်ကြံဆနိုင်မည့် စိတ်ကူး စိတ်သန်း ရှိရုံ ဖြင့် (သို့မဟုတ်) အဖြေရှာနိုင်ခြင်း ၊ ကိုယ်ပိုင်တီထွင်ကြံဆမှုများဖြင့် လုပ်ဆောင်ထားသည့် ကုန်ပစ္စည်းများ နှင့် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး ထိုက်တန်သော ဂုဏ်ပြုဆုများကိုလည်း ရရှိနိုင်မည့် အခွင့်အလမ်းရှိသည်ဟုသိရသည်။
အစမ်းယှဉ်ပြိုင်မှုအဆင့် ပြီးမြောက်သွားသည့် အဖွဲ့များသည် နောက်ဆုံးဆင့်ယှဉ်ပြိုင်မှုကို လာအိုနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး ကျင်းပမည့် ကာလတစ်လျှောက် ကျသင့်မည့် စရိတ် ကို Viettelမှ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင်ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်မည့် အဖွဲ့ (၃)ဖွဲ့သည် ငွေသားဂုဏ်ပြုဆုအပြင် VND (၁)ဘီလီယမ် ကျော် ပေးအပ်ချီးမြှင့်သွား မည်ဖြစ်သော အမေရိကန်နိုင်ငံတွင် ကျင်းပမည့် VietChallenge နောက်ဆုံးအဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် အဖွဲ့များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် Viettel နှင့် လက်မှတ်ရေးထိုးပြီး အမြတ်ရှယ်ယာ ၇၅ ရာခိုင်နှုန်းအထိ ရရှိနိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ယှဉ်ပြိုင်နေစဉ် အဖွဲ့များသည် Harvard ၊ MIT ၊ Boston တက္ကသိုလ် များ၏ ပါမောက္ခ များမှ (၁)ယောက် ချင်း သင်ကြားပြသပေးခြင်း၊ Silicon Valley တွင် ကျွမ်းကျင်ပညာရှင်များ နှင့် တွေ့ဆုံခြင်း ၊ တင်ပြပုံ တင်ပြချက်များ ကို လေ့လာသင်ယူနိုင်ခြင်း၊ Boston ၏ စွန့်ဦးတီထွင်မှုဂေဟစနစ် ကို လေ့လာနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများနှင့် အနီးကပ်တွေ့ဆုံပြီး အလုပ်လုပ်ကိုင်ခွင့် ရနိုင်မည်ဖြစ်သည်ဟုသိရသည်။
ပါဝင်ယှဉ်ပြိုင်သူများသည် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့အဆင့် VietChallenge နောက်ဆုံးပြိုင်ပွဲသို့ တက်ရောက်ခွင့် ရရှိမည် ဖြစ်ပြီး ဂုဏ်ပြုဆု အနေဖြင့် ကန်ဒေါ်လာ ၅၀၀၀၀ အပြင် ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းပေါင်းများစွာကို ရရှိမည်ဖြစ်
သည်ဟုသိရသည်။
Comments
Post a Comment