နောက်ဆုံးပေါ် ကင်မရာနည်းပညာများ လက်တွေ့အသုံးပြု နိုင်ရန် “Search4Soul” Portrait Mobile Photography Workshop ကျင်ပမည်
စမတ်ဖုန်းဓာတ်ပုံလောက၏ ခေတ်ရှေ့ပြေး HUAWEI P30 Series ၏ နည်းပညာနှင့် စွမ်းဆောင်ရည်များအား အကျွမ်းတဝင်ဖြစ်စေရန် နှင့် Professional ဆန်သည့် ဓာတ်ပုံများ ရိုက်ကူးတတ်ရန် အဓိကရည်ရွယ်၍ “Search4Soul” Portrait Mobile PhotographyWorkshop အား ပြုလုပ်မည်ဖြစ်ပြီးHUAWEI P30 Pro ၏ ကင်မရာ (၄)လုံးပါဝင်မှုကို ကိုယ်စားပြုထားတဲ့ အဆိုပါ “Search4Soul” Portrait Workshop ၌ “Love Diary” ၏ ပဲ့ကိုင်ရှင်တစ်ဦး ဖြစ်ပြီး ဆုတံဆိပ်များစွာ ရရှိထားပြီး “Unlock Workshops” ၌ Photography Educator တစ်ဦးဖြစ်သည်ဲ့ ကိုဝေလင်း မှ ဦးဆောင်သင်ကြားပေးမည်ဖြစ်သည်။
Portrait Workshop ၌ Look, Cafe’ Soul Search, Rain Outdoor Night အစရှိသည့် Theme (၃) မျိုးဖြင့် မည်ကဲ့သို့ ရိုက်ကူးပုံဖော်ရမယ်ကို ဝေမျှပို့ချသွားမည်ဖြစ်သည်။ အဆိုပါ workshop ၌ May Grace မှ မော်ဒယ်အဖြစ် ပါဝင်မည်ဖြစ်ပြီး Theme အသီးသီးဖြင့် လိုက်ဖက်သည့် ဖက်ရှင်အပြင်အဆင်အတွက် Stylist Swannie Dean နှင့် မိတ်ကပ်အတွက် January Wee Wee မှ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
Workshop အတွက် စာရင်းပေးသွင်းခြင်းအား ဇွန်လ (၁၅) ရက်နေမှ စတင်ကာ Huawei Mobile Myanmar ၏ Official Facebook Page ၌ ၆ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။ ဝင်ရောက်စာရင်းပေးသွင်းသူများထဲမှ (၂၅) ဦးအား မဲနှိုက်ကာ workshop တတ်ရောက်ခွင့်အား ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါ Workshop တွင် စမတ်ဖုန်းဓာတ်ပုံလောက၌ ဦးဆောင်ထားနိင်သည့် HUAWEI P30 Pro ဖြင့် ရိုက်ကူးခွင့်ရမှာဖြစ်ပြီး ဖုန်းကင်မရာဖြင့် Portrait ဓာတ်ပုံရိုက်ကူးမှု၏ အခြေခံအကြောင်းအရာများ၊ အယူအဆများ နှင့် သိမှတ်ဖွယ်ရာများကို ဓာတ်ပုံဆရာ ကိုဝေလင်းမှ လက်တွေ့သင်ကြား ပြသပေးသွားမည် ဖြစ်ပါသည်။
လတ်တလော ထွက်ရှိထားသည့် HUAWEI P30 Series ၏ စွမ်းဆောင်ရည်များ၊ ကင်မရာ လုပ်ဆောင်ချက်များနှင့်အတူ ဓာတ်ပုံရိုက်ကူးခြင်းအနုပညာအား လေ့လာခွင့်ရရှိနိုင်ရန်အတွက် ယခု Workshop ကို ပြုလုပ်ရခြင်း ဖြစ်ပြီး အဆိုပါ Workshop ၌ HUAWEI P30 Pro အား အဓိက အသုံးပြုသွားမည် ဖြစ်သည်။ HUAWEI P30 Pro တွင် ကင်မရာ (၄) လုံးပါဝင်ပြီး အဆိုပါ ကင်မရာ စွမ်းဆောင်ရည်မှာ Professional Camera များကဲ့သို့ အဆင့်မြင့်ကောင်းမွန်ပြီး AI နည်းပညာရဲ့ အထောက်အပံ့များ ပါဝင်သည်။
workshop ပြုလုပ်ရခြင်း နှင့် ပတ်သတ်ပြီး Huawei Consumer Business Group ၏ Marketing Director တစ်ဦးဖြစ်သည့် မခင်ရတနာဝင်း မှ “ ကျွန်မတို့ Huawei ကနေပြီးတော့ အခုလိုမျိုး Mobile Workshop တွေကို ပြုလုပ်လာတာ ဒါနဲ့ဆိုရင် ဒုတိယအကြိမ်မြောက် ရှိပါပြီ။ ယခင်နှစ်တုန်းကလည်း Nova စမတ်ဖုန်းတွေကို အသုံးပြုပြီး Nova Academy လို့ အမည်ရတဲ့ Mobile Photography Workshop ကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ဒီနှစ်မှာတော့ DxO Mark မှာ အမှတ်အမြင့်ဆုံးရထားတဲ့ Huawei P30 Pro ကို အဓိကအသုံးပြုပြီးတော့ Professional Photographer ၊ Professional Model ၊ Professional Stylist ၊ Professional Make-Up Artist တွေနဲ့ အတူ ရိုက်ကူးခွင့် ရမှာ ဖြစ်တဲ့ အတွက် ဓာတ်ပုံဝါသနာရှင်တွေ အတွက် အရမ်းကောင်းတဲ့ အခွင့်အရေး တစ်ရပ်ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ အခုလို workshop တွေ ပြုလုပ်ရခြင်း ရဲ့ ရည်ရွယ်ချက်ကတော့ Huawei စမတ်ဖုန်းများနှင့်သာမက အခြားသော ဖုန်းတွေ နဲ့ပါ မည်သည့်အခြေအနေတွေမှာ မဆို Professional ကျကျ ဓာတ်ပုံရိုက်ကူးတတ်စေရန် ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
Comments
Post a Comment