OPPO F11 Jewelry White Limited Edition အရောင်သစ်ကို မိတ်ဆက်​မည်


OPPO F11 အတွက် Fluorite Purple နှင့် Marble Green ဟူသည့် အရောင်ပြေးကာလာနှစ်မျိုး မိတ်ဆက်ပေးထားပြီး ဖြစ်ပြီး ယခုအခါတွင် ထူးခြားသည့် ဂုဏ်သတ္တိများပါဝင်နေသော Jewelry White အရောင်ကို မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးတော့မည် ဖြ​စ်​​ကြောင်းသိရသည်​။



ထူးခြားသော အရောင်ပြေးကာလာဖြင့် ပြုလုပ်ထားသောကြောင့် OPPO F11 Jewelry White သည် သုံးစွဲသူများအကြိုက်တွေ့ စေမှာ ဖြစ်ပြီး ယခုထွက်ရှိလာသည့် OPPO F11 Jewelry White အရောင်သစ်တွင် 6GB RAM+128GB ROM သိုလှောင်မှုပမာဏ ပါဝင်လာသောကြောင့် ယခင်ထွက်ရှိထားသော အရောင်များနှင့်မတူညီဘဲ စွမ်းဆောင်ရည်ပိုမိုမြန်ဆန်လာမှာ ဖြစ်​ကြောင်းသိရသည်​။

“အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်” OPPO F11 Jewelry White အရောင်သစ်တွင် ရေစက်ပုံစံမျက်နှာပြင်နှင့်အတူ ၉၀.၇၀% ရှိသော မျက်နှာပြင်အချိုး၊ ၆.၅ လက်မရှိသော မျက်နှာပြင်အရွယ်အစား၊ အလင်းရောင်နည်းနည်းတွင်ပင် ပိုမိုကြည်လင်ပြတ်သားသော ပုံရိပ်များကို ဖမ်းယူနိုင်သည့် Ultra Night Mode ပါဝင်သော 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ Dazzle Color Mode၊ လှပသော selfie ပုံများကို ရိုက်ကူးနိုင်မည့် 16MP AI Beauty ရှေ့ဘက်ကင်မရာ၊ မိနစ်၈၀အတွင်း 0 to 100% အားအပြည့်သွင်းနိုင်မည့် VOOC 3.0 အမြန်အားသွင်းစနစ်၊ တာရှည်ခံစေမည့် 4,020mAh ဘက်ထရီပမာဏ နှင့် Android 9.0 ကို အခြေခံထားသော ColorOS 6 ပါဝင်ပြီး ​Jewelry White အရောင်သစ်ကို OPPO Myanmar မှ ဇွန်လ (၆) ရက်နေ့တွင် (၄၁၉ ,၉၀၀) ကျပ် (tax ပါဝင်ပြီး) ဖြင့် မြန်မာတစ်နိုင်ငံလုံးအနှံ့ စတင် ရောင်းချပေးသွားမည် ဖြစ်​ကြောင်းသိရသည်​။

အရောင်သစ် OPPO F11 Jewelry White ကို အလုံးရေအကန့်အသတ် ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူအားပေးသော OPPO ချစ်သူများကို မေတ္တာလက်ဆောင်အဖြစ် အသီးဖျော်စက်များ လက်ဆောင်ပေးသွားမည် ဖြစ်သည်​ဟုသိရသည်​။

Comments