Ongo နှင့် အလုံးစုံအသေးစားငွေချေးလုပ်ငန်းဖြစ်သည် BRAC တို့သည် BRAC၏ ငွေချေးသူများမှ ချေးငွေများကို လွယ်ကူလျှင်မြန်စွာပေးသွင်းနိုင်ရန် တရားဝင် ပူးပေါင်းဆောင်ရွက်
ငွေပေးချေ ၀န်ဆောင်မှုလုပ်ငန်း ဈေးကွက်၌လုပ်ဆောင်လျှက်ရှိသော Ongo သည် မြန်မာနိုင်ငံ အသေးစားငွေချေးမှုလုပ်ငန်းဖြစ်သော BRAC Myanmar Microfinance Company (BRAC)နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
BRAC မှ ငွေချေးသူများ ချေးငွေများပြန်လည်ပေးသွင်းရာတွင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် Ongo mobile app သို့မဟုတ် Ongo Agent ထံတွင် Ongo QR Card ဖြင့် လွယ်ကူမြန်ဆန်စွာ ပြန်လည်ပေးသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
BRAC မှ ငွေချေးသူများ ချေးငွေများပြန်လည်ပေးသွင်းရာတွင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် Ongo mobile app သို့မဟုတ် Ongo Agent ထံတွင် Ongo QR Card ဖြင့် လွယ်ကူမြန်ဆန်စွာ ပြန်လည်ပေးသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆင်းရဲသားလူတန်းစားနှင့် ကျေးလက်လူတန်းစားများအတွက် အလုံးစုံအသေးစားငွေချေး အဖွဲ့အစည်းဖြစ်သော BRAC သည် မြန်မာနိုင်ငံ၌ ဆင်းရဲသားလူတန်းစားများအတွက်၊ အထူးသဖြင့် ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုစနစ် လမ်းကြောင်းပေါ်တွင်မရှိသော အမျိုးသမီးများအတွက် အလုပ်အကိုင်နှင့် ၀င်ငွေရရှိနိုင်မည့် အခွင့်အရေးများကို ဖန်တီးပေးရန်ရည်ရွယ်၍ ၂၀၁၄ခုနှစ်ကပင် စတင်လုပ်ကိုင်ခဲ့သည်။
BRAC သည် ၂၀၁၄ခုနှစ်ကပင် ငွေချေးသူ ၁၃၁၃၁၉ ဦးအား အမေရိကန်ဒေါ်လာ ၇၆ သန်းကျော်ကို ထုတ်ချေးထားခဲ့ပြီး Ongo နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အလုပ်များသော ငွေချေးသူများ ချေးငွေများပြန်လည်ပေးသွင်းရာတွင် လွယ်ကူချောမွေ့စွာ ပေးသွင်းနိုင်ရန်ဖြစ်သည်ဟုသိရသည်။
Ongo နှင့် BRAC သည် ငွေချေးသူများအတွက် မြန်မာနိုင်ငံရှိ BRAC ရုံးခွဲ (၄) ခုမှစတင်၍ ၀န်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်သည်။ “ကျွန်တော်တို့ BRAC ရဲ့လုပ်ငန်းကို ဒီဂျစ်တယ်ပုံစံ ပြောင်းလဲဖို့ စီစဉ်ထားခဲ့ပါတယ်။ Ongoနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်မဟာဗျူဟာရဲ့ အဓိက သော့ချက်ပါပဲ” ဟု BRAC Myanmar ၏ Country Representative ဖြစ်သူ ပရော်ဖက်ဆာ Tariqul Islam မှ ရှင်းလင်းပြောကြားခဲ့သည်။
နယ်သာလန်နိုင်ငံ၌ မှတ်ပုံတင်ထားရှိ၍ ဘင်္ဂလားဒေ့ရှ်တွင် ရုံးချုပ်တည်ရှိသော ထိုအသေးစားငွေချေးအဖွဲ့အစည်းသည် အသေးစား ငွေချေးလုပ်ငန်းအပြင် ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်း ကဲ့သို့သော အခြားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်ပြီး လုံးဝဥသုံဖွံ့ဖြိုးတိုးတက်သည့်ပုံစံတစ်ခုကို ဖော်ဆောင်မည်ဖြစ်သည်။ “BRAC ဟာ မြန်မာနိုင်ငံမှာ ဈေးကွက်ဦးဆောင်လျှက်ရှိသည့် အသေးစားငွေချေးလုပ်ငန်းများထဲက တစ်ခုဖြစ်ပြီးတော့ ခိုင်မာတဲ့ နိုင်ငံတကာအခြေစိုက်မှုလည်းရှိပါတယ်။ BRAC နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့်ရတာရယ်၊ ဒစ်ဂျစ်တယ်ပုံစံ လုံးဝပြောင်းလဲတဲ့နေရာမှာ အရေးပါတဲ့ ၀န်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခွင့်ရတဲ့အတွက် အရမ်းကို ပျော်ရွင်မိပါတယ်” ဟု Ongo ၏ CEO ဖြစ်သူ Allen Gilstrap မှ ပြောကြားပါသည်။
Comments
Post a Comment