Mytel မှ ဘဏ်အဆင့်မီ Authentication လုပ်ဆောင်ချက် ပါဝင်သည့် အဆင်ပြေအလွယ်ကူဆုံး နှင့် လုံခြုံစိတ်အချရဆုံး မိုဘိုင်းလ်ငွေလွှဲဝန်ဆောင်မှု ကို စတင်မိတ်ဆက်


MytelPay ငွေလွှဲဝန်ဆောင်မှု မိတ်ဆက်ပွဲကို Melia Hotel Grand Ballroom တွင် MytelPay ၏ CEO ဖြစ်သူ  Mr.Hoang Trung Thanh မှ စတင်မိတ်ဆက်ပေးခဲ့ပြီး အခမ်းအနားကို ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များ၊ Mytel ၏ Brand Ambassador  ကိုနေတိုး အပါအဝင် မီဒီယာ ကိုယ်စားလှယ်များ မှ တက်ရောက်ခဲ့
ကြောင်းသိရသည်​။

နိုင်ငံအနှံ့ မိုဘိုင်းငွေကြေးလုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုနေသော သုံးစွဲသူများအတွက် MytelPay သည် လွှဲပြောင်းလိုက်သည့် ငွေကြေးပမာဏ နှင့်ပတ်သက်ပြီး ဆုံးရှုံးမှုများမရှိစေရန် အာမခံပေးမည့် OTP စနစ် ပါဝင်သော တစ်ခုတည်းသော မိုဘိုင်းငွေလွှဲဝန်ဆောင်မှုဖြစ်သည်ဟုသိရသည်



MytelPay သည် ဈေးကွက်တွင် two-factor authentication လုပ်ဆောင်ချက် ရရှိသည့် တစ်ခုတည်းသော မိုဘိုင်းငွေလွှဲဝန်ဆောင်မှု တစ်ခု ဖြစ်လာပြီး  MytelPay အကောင့်မရှိသူ မှ MytelPay အကောင့်မရှိသူသို့ ငွေလွှဲသည့် လုပ်ငန်းစဉ်မှာ -
၁) ငွေလွှဲမည့်သူသည် သူ၊သူမ ၏ဖုန်းနံပါတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို  ကိုယ်စားလှယ်ထံသို့  ပြသ ရမည်ဖြစ်ပြီး စနစ်မှ လျှို့ဝှက်ကုဒ် ကို စာတို အနေဖြင့် လက်ခံရရှိမည်ဖြစ်သည်။
၂) ငွေလွဲမည့်သူသည် လျှို့ဝှက်ကုဒ်ကို ငွေလက်ခံရရှိမည့်သူသို့ အသိပေးရမည်။
၃) ငွေလက်ခံရရှိမည့်သူသည် သူ၊သူမ၏ ဖုန်းနံပါတ်နှင့် လျှို့ဝှက်ကုဒ် ကို ကိုယ်စားလှယ်သို့ ပေးရန် လိုအပ်သည်။
၎) ကိုယ်စားလှယ်သည် အပေါ်တွင် ပြသထားသည့်အချက်အလက်များကိုဖြည့်သွင်းပြီး ငွေလက်ခံရရှိမည့်  သူသည် OTP ပါဝင်သည့် စာတိုကို ရရှိမည်ဖြစ်သည်။
၅) ငွေလက်ခံရရှိသူသည် ကိုယ်စားလှယ်ကို OTPနံပါတ် ကို ပြောပြီး မှန်ကန်ပါမှသာ ပေးပို့သော ငွေကို လက်ခံရရှိနိုင်မည်ဖြစ်သည်ဟုသိရသည်​။

MytelPay သုံးစွဲသူများသည် ငွေသွင်းငွေလွှဲခြင်းများကို ဘဏ်အသေးစားအခွဲများအဖြစ် ဝန်ဆောင်မှုပေးနေသော နိုင်ငံတစ်ဝန်း အကျယ်ပြန့်ဆုံး ကွန်ရက်များမှ တဆင့် လုပ်ဆောင်နိုင်တော့မည်ဖြစ်ကာ ကိုယ်စားလှယ် ၂၀၀၀၀ ကျော် သည် MytelPay သုံးစွဲသူများကို ဝန်ဆောင်မှုပေးနိုင်ရန် အသင့်ဖြစ်နေပြီး ဝန်ဆောင်မှု  ပေးမည့်ဆိုင်အရေအတွက်သည်လည်း တိုးပွားလာနေပြီဖြစ်​ကြောင်းသိရသည်​။

ထို့အပြင် MytelPay ငွေလွှဲဝန်ဆောင်မှုကို  မည်သည့် မိုဘိုင်းကွန်ရက်သုံးစွဲသော ပေးပို့သူနှင့် လက်ခံရရှိသူ မည်သူမဆို အသုံးပြုနိုင်ပြီး ဝန်ဆောင်မှုသည် ဘဏ်ပိတ်ရက်များနှင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင်လည်း အသုံးပြုနိုင်မည်​ဟုသိရသည်​။

“ပထမဆုံးအနေနဲ့ Mytel ကနေ အခုအချိန်အထိ ကျွန်တော်တို့နဲ့အတူရှိနေပေးတဲ့ သုံးစွဲသူအားလုံးကို  ကျေးဇူးတင်စကား ပြောချင်ပါတယ်။ သုံးစွဲသူတွေသာမရှိခဲ့ရင် ကျွန်တော်တို့ ဘက်ကနေ ဒီအနေအထားလောက် အထိ တီထွင်ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို  ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ MytelPay မှာ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က  ရိုးရှင်းအဆင်ပြေလွယ်ကူပြီး  လုံခြုံစိတ်ချရတဲ့ အက်ပလီကေးရှင်းအနေနဲ့ ဝန်ဆောင်မှု  ပေးအပ်ချင်တာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံအနှံ့ ငွေလွှဲဝန်ဆောင်မှုတွေကို ပိုမိုအဆင်ပြေစေချင်တာပါ။ အခုဆိုရင် သုံးစွဲသူတွေက ငွေလွှဲပြောင်းတဲ့အခါ MytelPay လို ဘဏ်အဆင့်မီ Authentication လုပ်ဆောင်ချက် ပါဝင်တဲ့ ငွေလွှဲဝန်ဆောင်မှု ကို အသုံးပြုနိုင်ပြီဖြစ်တာကြောင့် စိတ်ပူပန်စရာတွေမရှိတော့ပါဘူး။ Mytel မှ MytelPay ကို ယူဆောင်လာခြင်းဟာ အကောင်းဆုံး၊ ခေတ်မီအဆန်းသစ်ဆုံး၊ အတန်ဆုံးဈေးနှုန်းနဲ့ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတစ်ရပ်အဖြစ် သုံးစွဲသူတွေကို အဆက်အပြတ် ဝန်ဆောင်မှုပေးနိုင်တော့မှာပါ။’’ ဟု Mytel CERO ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားခဲ့သည်။

MytelPay သုံးစွဲသူများသည် အော်ပရေတာအမျိုးအစားများအားလုံးအတွက် ဖုန်းဘေလ်ဖြည့်နိုင်ခြင်း၊ ငွေပေးချေခြင်း၊  iTunes cards ၊ ဂိမ်းကတ်များကို ဝယ်ယူနိုင်ခြင်း ၊ အွန်လိုင်းရှောပင်း ဝယ်ယူခြင်းအတွက် ငွေပေးချေခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်တော့မည်ဟုသိရသည်​။

Comments