အဆင့်​မြှင့်​တင်​လိုက်​သည့်​ My Ooredoo App ဖြင့် Shop.com.mm နှင့် ပူးပေါင်း


My Ooredoo App သုံးစွဲသူ ၁ သန်းကျော်သည် မြန်မာနိုင်ငံ၏ အွန်လိုင်းရောင်းဝယ်ရေးတွင် နံပါတ် (၁) နေရာတွင်ရှိသော Shop.com.mm မှ ပေးအပ်ထားသည့် အထူးသီးသန့်အစီအစဉ်များနှင့် ၆၀% အထိ အထူးလျှော့ဈေးများကို ဖက်ရှင်၊ လျှပ်စစ်ပစ္စည်းများ၊ အဆင့်မြင့်လူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ အစရှိသည့် ပစ္စည်းအမျိုးအစားများစွာအတွက် ၂ဝ၁၉ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှစတင်၍ ရရှိခံစားနိုင်မည်ဖြစ်သည်ဟုသိရသည်​။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က “ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်အတွေ့အကြုံတွေကို ပြည့်စုံကောင်းမွန်စေမယ့် ဆန်းသစ်တီထွင်ထားတဲ့ features သစ်တွေ၊ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို အမြဲဆက်လက်မိတ်ဆက်ပေးမှာဖြစ်တဲ့အတွက် ဒီဂျစ်စ်တယ်အတွေ့အကြုံကောင်းများကနေတဆင့် သုံးစွဲသူတွေဟာ ထူးခြားကောင်းမွန်တဲ့ ဒီဂျစ်တယ်လူနေမှုဘဝကို ရရှိပိုင်ဆိုင်နိုင်စေမှာပဲဖြစ်ပါတယ်။ Shop.com နဲ့ ပူးပေါင်းဆောင်ရွက်မှုက ဒီဂျစ်တယ်ကုန်သွယ်မှုကိုအားပေးဖို့အတွက် သုံးစွဲသူတွေကို ယခင်မရှိခဲ့ဖူးတဲ့ အထူးသီးသန့် လျှော့ဈေးများစွာကို ပေးအပ်နိုင်မှာပဲ ဖြစ်ပါတယ်။” ဟု ပြောကြား


ခဲ့​ကြောင်းသိရသည်​။


အူရီဒူးသုံးစွဲသူများအားလုံး နောက်ဆုံးအဆင့်မြှင့်တင် ထားသည့် “My Ooredoo App” ဗားရှင်းကို ဒေါင်းလုတ်ဆွဲနိုင်မည်ဖြစ်ပြီး Google Play Store (သို့) Apple App Store (သို့) *565# ကိုဖုန်းခေါ်ဆိုပြီး ရရှိလာသည့် link မှ တို့မှလည်း ဒေါင်းလုတ်ရယူနိုင်မည် ဖြစ်​ကြောင်းသိရသည်​။

Comments