သုံးစွဲသူများအနေဖြင့် ၎င်းတို့၏နေ့စဉ်ဘဝ လိုအပ်ချက်များဖြစ်သော ဂိမ်း၊ ဂီတ၊ ဗွီဒီယိုနှင့် ဆက်သွယ်ရေးဆိုင်ရာများတွင် ဒုံးပျံ အင်တာနက်၏အလွန်မြန်ဆန်လှသော upload နှင့် download အမြန်နှုန်း များနှင့်အတူ အချိန်တိုအတွင်း ပိုမိုရယူအသုံးပြုနိုင်ပြီဖြစ်သည်။
MPT မှ လက်ရှိ FTTH သုံးစွဲသူများနှင့် သုံးစွဲသူအသစ်များအတွက် အံသြသွားစေမည့် ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်အား စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။
ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုမှာ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ယခင်အစီအစဉ်များထက် များစွာပိုမိုမြန်ဆန်လှသည့်အပြင် အကောင်းဆုံးသော သုံးစွဲသူ အတွေ့အကြုံများ ကို ပေးစွမ်းမည်ဖြစ်သည်ဟုသိရသည်။
ယခု ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်မှာ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT ၏ ဖိုင်ဘာအင်တာနက်လိုင်းအသစ်ဖြစ်ပြီး လက်ရှိသုံးစွဲနေသူများနှင့် အသစ် အသစ်သော သုံးစွဲမည့်သူများအတွက် အကျိုးအမြတ်ကောင်းများရရှိစေမည်ဖြစ်ကာ လက်ရှိ လိုင်းဆွဲအား အမြန်နှုန်း(bandwidth) ပမာဏထက် နှစ်ဆတိုးမြှင့်ထားပြီး လစဉ်နှုန်းထားမှာမူ ပုံမှန်နှုန်းထားအတိုင်းသာ ကျသင့်မည် ဖြစ်သည်။ လက်ရှိ MPT FTTH သုံးစွဲသူများမှာ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုတွင် အလိုအလျောက် အဆင့်မြှင့်တင်သွားပြီး တိုးချဲ့လိုက်သည့် လိုင်းဆွဲအား အမြန်နှုန်း(bandwidth) ဖြင့် အသုံးပြု နိုင်မည်ဟုသိရသည်။
ဒုံးပျံ အိမ်သုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်အရ ၃၉,၀၀၀ ကျပ်နှုန်းထားဖြင့် လက်ရှိ 10 Mbps အမြန်နှုန်းဖြင့် သုံးစွဲသူများမှာ ယခုပြောင်းလဲလိုက်သည့် 20 Mbps အမြန်နှုန်းဖြင့် မူလအတိုင်း ၃၉,၀၀၀ ကျပ်ဖြင့်အသုံးပြုနိုင်မည်ဖြစ်သည်။ ယခင် ၆၉,၀၀၀ ကျပ်ဖြင့် 25 Mbps အစီအစဉ်အား ဝယ်ယူထားသူ များမှာလည်း ယခုတွင် ပိုမိုမြန်ဆန်သော 50 Mbps အမြန်နှုန်းဖြင့် အင်တာနက်ကို အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ၁၀၉,၀၀၀ ကျပ်ဖြင့် 50 Mbps အား အသုံးပြုနေသော သုံးစွဲသူများမှာမူ စူပါအမြန်နှုန်းဖြစ်သည့် 100 Mbps အား အသုံးပြုနိုင်ပြီဖြစ်သည်။ ယခုလို လိုင်းဆွဲအား အမြန်နှုန်း(Bandwidth) မြှင့်တင်မှုများအတွက် လက်ရှိ သုံးစွဲသူများ၏ လစဉ်ကြေးများမှာမူ မူလနှုန်းထား အတိုင်းသာ ရှိမည်ဖြစ်ပြီး မည်သည့် အပိုထပ်ဆောင်း စရိတ်မျှ ပေးရန်မလိုဘဲ ရယူအသုံးပြုနိုင်မည်ဖြစ်သည်ဟုသိရသည်။
MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ "MPT သုံးစွဲသူတွေအတွက် ပိုပြီးမြန်ဆန်တဲ့ အင်တာနက်သုံးစွဲမှု အတွေ့အကြုံကောင်းတွေကို ရရှိနိုင်ဖို့အတွက် ဒီနေ့မှာတော့ ဒုံးပျံ အိမ်သုံးအင်တာနက် ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒီနေ့ခေတ်ရဲ့ လူမှုဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အင်တာနက် အမြန်နှုန်းဟာ တကယ့်ကို အရေးပါတယ်ဆိုတာ ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ ဒါကြောင့်လဲ ဒီဝန်ဆောင်မှုအသစ်ကို ကြေညာဖို့အတွက် ကျွန်တော်တို့ တကယ့်ကို စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT ရဲ့ အတွေ့အကြုံတွေနဲ့ လက်တွေ့ ဆန်းစစ်မှုတွေအရ အင်တာနက်အမြန်နှုန်းဟာ လူတစ်ဦးချင်းစီအတွက် လူမှုဘဝမှာရော၊ လုပ်ငန်းခွင်က လုပ်ငန်း ဆောင်ရွက်မှုတွေမှာပါ အကျိုးအမြတ်ကောင်း တွေ ဖြစ်ထွန်းစေတာကို တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့် MPT သုံးစွဲသူတွေအတွက်နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာတွေမှာ ပိုမိုအဆင်ပြေစေပြီး ရှေ့ကိုလှမ်းချီနိုင်မယ့် လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်လာဖို့ လစဉ်ကြေးနှုန်းထားကို ပြောင်းလဲခြင်းမရှိဘဲ လိုင်းဆွဲအား အမြန်နှုန်း(bandwidth) တွေကို တိုးမြှင့်ပြီး ဝန်ဆောင်မှုတွေကို ဆောင်ရွက် ပေးလိုက် တာပါ” ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို နိုင်ငံအဝှမ်းရှိမြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပဲခူး၊ ပုသိမ်၊ တောင်ကြီးနှင့် မော်လမြိုင် တို့ရှိ မြို့နယ်ပေါင်း ၂၇ ခုတွင် ရရှိနေပြီဖြစ်ကာ MPT အနေဖြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို ယခုလာမည့် ဇူလိုင်လမှ စတင်ကာ နောက်ထပ် မြို့နယ် ၃ ခုနှင့် အခြားသောဒေသများသို့ ထပ်မံတို့ချဲ့ဆောင်ရွက်ရန် စီစဉ်ထားကြောင်းသိရသည်။
Comments
Post a Comment