MPT မှ The Voice Myanmar Season-2 ပရိသတ်များအတွက် "Guess and Win" ပြိုင်ပွဲအစီအစဉ်သစ်ကို စတင်ဆောင်ရွက်
မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က The Voice Myanmar Season-2 အတွက် စွဲမက်စရာကောင်းသည့် ဆုလက်ဆောင်များဖြစ်သည့် SAMSUNG Galaxy A30 ကိုရရှိနိုင်မည့် “Guess and Win” ပြိုင်ပွဲအစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်း ထုတ်ပြန် ကြေညာလိုက်ကြောင်းသိရသည်။
ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်မည့် The Voice Myanmar Season 2 ၏ အကြို ဗိုလ်လုပွဲတွင် ဆန်ခါတင် ပြိုင်ပွဲဝင် ၈ ဦး ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး၊ အကြိုဗိုလ်လုပွဲတွင် တက်ရောက်ခွင့်ရမည့် ပြိုင်ပွဲဝင် (၄) ဦးသည် ဇွန် ၁၆ ရက်နေ့တွင် ပြုလုပ်မည့် Grand Final တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပရိသတ်များအနေဖြင့် ပြိုင်ပွဲဝင် ၈ ဦးမှ နောက်ဆုံးအဆင့်သို့ ထိုက်ထိုက်တန်တန်တက်ရောက်သွားမည့် ပြိုင်ပွဲဝင် (၄) ဦး နှင့် The Voice Myanmar Season 2 ၏ အနိုင်ရရှိသူ အား ခန့်မှန်းပေးရမည်ဖြစ်သည်ဟုသိရသည်။
“Guess and Win” ပြိုင်ပွဲ အစီအစဉ်
၂၀၁၉ခုနှစ် ဇွန်လ ၃ရက်မှစတင်၍ The Voice Myanmar Season-2 ပရိသတ်များအနေဖြင့် နောက်ဆုံးပြိုင်ပွဲဝင် ၄ ဦး နှင့် The Voice Myanmar Season-2၏ အနိုင်ရရှိသူကို မှန်ကန်စွာခန့်မှန်းပြီး ဆုလက်ဆောင်အဖြစ် SAMSUNG Galaxy A30 ဖုန်းအသစ်ခြောက်လုံးကို ရယူနိုင်မည်ဟုသိရသည်။
Guess and Win ပြိုင်ပွဲကို MPT ၏ Facebook Page သို့ ဝင်ရောက်ပြီး မိမိတို့ခန့်မှန်းချက်များကို နောက်ဆုံးပြိုင်ပွဲဝင် ၄ ဦး အတွက် ၂၀၁၉ ဇွန်လ ၉ ရက် ည ၈နာရီ နှင့် Winner အတွက် ၂၀၁၉ ဇွန်လ ၁၆ ရက် ည ၈နာရီ အထိ နောက်ဆုံးထား၍ ခန့်မှန်း မှုများကိုပေးပို့ရုံဖြင့် အစီအစဉ်တွင် အလွယ်တကူ ပါဝင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
MPT သုံးစွဲသူများအနေဖြင့်လည်း The Voice Myanmar Season-2 ၏ တရားဝင် Facebook စာမျက်နှာပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်မည်၂၀၁၉ခုနှစ် ဇွန်လ ၁၉ ရက်တွင် MPT မှ Guess and Win ပြိုင်ပွဲတွင်မှန်ကန်စွာ ခန့် မှန်းနိုင်သည့် အနိုင်ရရှိသူများကို ကြေညာပေးသွားမည်ဖြစ်ပြီး အခြေအနေပေါ်မူတည်၍ မှန်ကန်စွာခန့်မှန်းနိုင်သူ ၃ ဦး ထက်ပိုမိုပါက ကျပန်းစနစ်ဖြင့် ရွေးချယ်၍ SAMSUNG Glaxy A30 ဆု လက်ဆောင်ကို ချီးမြှင့်သွားမည်ဖြစ်သည်ဟုသိရသည်။
MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က "အားလုံးသိကြတဲ့အတိုင်း အခုဆို The Voice Myanmar Season-2 ရဲ့ ပရိသတ်တွေ အဖို့ ရင်ထဲ အသည်းထဲ ကနေ စိတ်လှုပ်ရှားစရာ ကာလကိုရောက်ရှိနေပါပြီ။ MPT အနေနဲ့ အခုလိုအချိန်တွေကို ပိုပြီး အဓိပ္ပါယ်ရှိလာဖို့ ရည်ရွယ်ပြီးတော့ "Guess and Win" ဆိုတဲ့ပြိုင်ပွဲကို ဆောင်ရွက်ပေးလိုက်ပါပြီ။ အခု ဇွန်လ ၃ ရက်ကစပြီး ပရိသတ်တွေအနေနဲ့ မိမိနှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကို တစ်ခဲနက်အားပေးရုံတင်မက မိမိနှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေအပေါ် မိမိရဲ့ အားပေးမှုကို ဖော်ပြနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးပြိုင်ပွဲဝင် ၄ ယောက်နဲ့ အနိုင်ရတဲ့သူကိုမှန်မှန်ကန်ကန် ခန့်မှန်းနိုင်မယ့်သူတွေအတွက် SAMSUNG Galaxy A30 ကို ရယူပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရှိနေပါပြီ။ MPT အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကိုသိရှိနားလည်ပြီး ဆန်းသစ်တဲ့ ကမ်းလှမ်းမှုတွေနဲ့ သုံးစွဲသူတွေကိုပေးအပ်လျှက်ရှိပါတယ်။ MPT ရဲ့ ဒီစိတ်လှုပ်ရှားစရာ အစီအစဉ်ကို အားလုံးလည်း ကျေနပ်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။"ဟုပြောကြားခဲ့သည်။
MPT သုံးစွဲသူများ နှင့် The Voice Myanmar Season-2 အမာခံပရိသတ်များသည် မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်များ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး သီဆိုယှဉ်ပြိုင်မှုများတွင် စီးမျောရင်း အဆင့်တက်သွားမည့် ပြိုင်ပွဲဝင်များကို ခန့်မှန်းခြင်းဖြင့် အထူးဆုလက်ဆောင်များ ရယူနိုင်မည့် စိတ်လှုပ်ရှားဖွယ်အစီအစဉ်သစ်တွင် ပါဝင်နိုင်မည်ဖြကြောင်းသိရသည်။
ယခုအပတ်မှစတင်၍ The Voice Myanmar အမာခံပရိသတ်များအနေဖြင့် MPT ၏ Facebook မှတစ်ဆင့် အလွယ်တကူဝင်ရောက်ပြီး အဆိုပါ ပြိုင်ပွဲအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီဟုသိရသည်။
Comments
Post a Comment