Miss Equal 2019 ​နောက်​ဆုံးအဆင့်​ယှဉ်​ပြိုင်​ပွဲ ပြုလုပ်​ကျင်းပ


Miss Equal 2019 ​နောက်​ဆုံးအဆင့်​ယှဉ်​ပြိုင်​ပွဲ ပြုလုပ်​ခြင်းကို  ဇွန်လ ၉ ရက်​နေ့ ​​နေလည် ဗိုလ်​ချုပ်​လမ်း​ပေါ်ရှိ Junction City (Promotion Area) တွင်​ပြုလုပ်​ခဲ့သည်​။

ပြိုင်ပွဲတွင်နောက်ဆုံးအဆင့်သို့ရောက်ရှိလာကြသည့်   Miss ၁၀ ဦး၏ ယှဉ်ပြိုင်မှုများအဖြစ်Talents & Models Agency မှ မတင်​မိုးလွင်​၊ ​မော်​ဒယ်​လ်​ သရုပ်​​ဆောင်​ သန္တာဗိုလ်​ စတဲ့ ဒိုင်​လူကြီးများက အကဲဖြတ်​​ပေးခဲ့ကြသည်​။
အခမ်းအနားကို နုပညာရှင်များဖြစ်ကြသည့်ထွန်းအိန္ဒြာဗိုလ်​၊ ​ဇော်​ပိုင်​၊ ဟဲ​လေး၊ ​ဇေယျ ၊ ​နွေး​နွေးချစ်​ဖွယ်​၊ ဝတ်​ရည်​ထက်​ စတဲ့ အနုပညာရှင်​များစွာတို့က သီချင်းများနဲ့​ဖျော်​​ဖြေခဲ့ကြသည်​။





ပြိုင်​ပွဲ တွင်​ အနိုင်​ရရှိသူ Miss Equal 2019 ကို​ငွေကျပ်​(၁၅) သိန်း + Equal Myanmar နှင့်​အတူ (၁)နှစ်​ Equal Product များခံစားခွင့်​ ၊ ဒုတိယ ဆု ကို​ငွေကျပ်​ (၁၀) သိန်း + Equal Myanmar နှင့့်​အတူ(၃) လ Equal Product များခံစားခွင့်​ ၊ တတိယဆုကို ​ငွေကျပ်​ (၅) သိန်း +Equal Myanmar နှင့်​အတူ (၁)လ Equal Product များ ခံစားခွင့်​ များ​ပေးအပ်​ခဲ့ကြောင်း သိရှိရသည်​။

Comments