စင်ကာပူ နိုင်ငံ၏ ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းဖြစ်သည့် MindChamps မြန်​မာနိုင်​ငံတွင်​စတင်​ဖွင့်​လှစ်


မြန်မာနိုင်ငံအတွက် ပထမဦးဆုံး စာသင်ကျောင်းMindChamp အား အမှတ် ၁၄၊ ကမ္ဘာအေးဘုရားလမ်းတွင် ယနေ့ စတင် ဖွင့်လစ်ခဲ့​ကြောင်းသိရသည်​။
Mindchamps ၏ 

အဆင့်မြင့် ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး စင်တာများအား သြစတေးလျ၊ အဘူဒါဘီ၊ ဒူဘိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာနှင့် မလေးရှား နိုင်ငံများတွင် ဖွင့်လှစ်ထားနိုင်ခဲ့ပြီး နိုင်ငံတကာတွင် ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိ​​ကြောင်းသိရသည်​။

“ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် သူတို့ငယ်ရွယ်စဉ် အသက်အရွယ်မှာ ပညာသင်ကြားပေးဖို့ ရင်းနှီးမြှုပ်နှံခြင်းဟာ နိုင်ငံတစ်နိုင်ငံ လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးခြေလှမ်း တစ်ရပ် ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ ရင်သွေးငယ်တွေကို ကမ္ဘာ့အဆင့်မှီ  ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းမှာ ကျောင်းထားနိုင်ပြီ ဆိုတာကို MindChamps အနေနဲ့ ဂုဏ်ယူစွာနဲ့ ယုံကြည်မှုရှိရှိ ပြောကြားလိုပါတယ်။ MindChamps ရဲ့ ပညာရေးအစီအစဉ်တွေကနတဆင့် မြန်မာနိုင်ငံက မျိုးဆက်သစ် ကလေးငယ်တွေရဲ့ အနာဂတ်ကို အလှပဆုံး ပြုစုပျိုးထောင်ပေးသွားနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပြီး  နိုင်ငံတွင်း အလွန်အမင်းဆင်းရဲမွဲတေမှု ပပျောက်နိုင်ဖို့၊၊ နိုင်ငံတဝန်း ဖွံ့ဖြိုးတိုးတက်လာဖို့၊၊ လူနေမှု အဆင့်အတန်းတွေ မြင့်မားလာဖို့နဲ့ စီးပွားရေးကဏ္ဍ တစ်ခုလုံး အတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် လိုအပ်တဲ့ လူစွမ်းအင်အရင်းအမြစ်တွေကို မွေးထုတ်ပေးသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု MindChamps Myanmar ၏ Master Franchiser  ဖြစ်သူ ဒေါ်ကြည်ကြည်မိုး  မှ ပြောကြားသည်။

MindChamps ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းတွင် အသက် ၁၈ လ မှ ၆ နှစ်အထိ မည်သည့်နိုင်ငံမှ ကလေးငယ်မဆို တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။  ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု  ပြုစုပျိုးထောင်ရေးနှင့် သက်ဆိုင်သော သင်ကြားမှုနည်းလမ်းများ၊ ကလေးငယ်များ၏ ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပတ်သက်၍ ဆယ်စုနှစ်များစွာကြာအောင် ပြုလုပ်ခဲ့သော သုတေသန လေ့လာချက်များအပြင် ကလေးငယ်များ အတွက် ထိရောက်သော သင်ကြားရေး နည်းစနစ်များကို အခြေခံ၍ MindChamps သည် အနာဂတ်တွင် အောင်မြင် ထူးချွန်သော ကလေးငယ်များ ပေါ်ထွက်လာစေရေး အတွက် အဓိကလိုအပ်သည့် ခိုင်မာသော အခြေခံအုတ်မြစ်များအား ပိုင်ဆိုင်နိုင်စေရန် အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံး ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု သင်ကြားရေးစနစ်သစ်များအား စနစ်တကျ ရေးဆွဲထားပြီးကလေးများ၏ အားသာချက်များနှင့် အရည်အချင်းပေါ်မူတည်၍ ခေတ်မှီဆန်းသစ်ဆုံး သင်ကြားမှုစနစ်များနှင့် အဖက်ဖက်မှ စုံလင်သော သင်တန်းများကို MindChamps မှ သင်ကြားပို​ပေးေ





နေ​ကြာင်းသိရသည်​။

Comments