ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် Microsoft Office Specialist World Championship ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံအနှံ့ရှိ ကျောင်းသား၊ကျောင်းသူပေါင်း ၁၀၀၀ ကျော်မှ ဝင်ရောက်ယှဉ်ပြိုင်
မန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သော MOSWC ၏ Gold Sponsor အဖြစ် ဂုဏ်ယူစွာ ပါဝင်ဆောင်ရွက်ခဲ့ရာ Mytel သည် နိုင်ငံကိုယ်စားပြုကျောင်းသား ၃ ဦး၏ ကမ္ဘာ့အဆင့်ယှဉ်ပြိုင်မှုအတွက် လိုအပ်သည့်ပြင်ဆင်မှုများကို IIG Educatioin မြန်မာနှင့်လက်တွဲပြီး ဆက်လက်ကူညီပံ့ပိုးပေး သွားမည်ဖြစ်ကြောင်းသိရသည်။
၃ လကြာပြုလုပ်ခဲ့သော ပြိုင်ပွဲအပြီး ဇွန်လ ၃ ရက် ၂၀၁၉ ခုနှစ်တွင် နိုင်ငံအဆင့်ဆုချီးမြှင့်ပွဲကို MICT Conference Hall၊ MICT Park ၌ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေဝင်းဦး၊ မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ်ဥက္ကဌ ဦးမင်းဇေယျာလှိုင်၊ IIG Education မြန်မာ၏ မန်နေဂျင်းဒါရိုက်တာ ဦးလင်းထက်ဥာဏ်ထွန်း၊ Mytel CEO Mr. Nguyen The Nghia နှင့် ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးတို့ ရှေ့မှောက်တွင် ကမ္ဘာ့အဆင့်ပြိုင်ပွဲ ဝင်ပြိုင်သွားမည့် နိုင်ငံကိုယ်စားပြု ကျောင်းသားများအပြင် ဆုရရှိသူအသီးသီးကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်ဟုသိရသည်။
“ြ
စီးပွားရေး နဲ့ လူမှုအသိုင်းအဝိုင်းတို့ရဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲနိုင်မှုအတွက် ဒစ်ဂျစ်တယ်ပညာရေးနဲ့ ပံ့ပိုးပေးမှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ Mytel အနေနဲ့ နိုင်ငံတစ်ခုရဲ့ ပညာရေးကဏ္ဍကို ဒစ်ဂျစ်တယ် လမ်းကြောင်းပေါ် ခေါ်ဆောင်လာခြင်းဖြင့်လည်း ကုမ္ပဏီရဲ့ ရည်မှန်းချက်ကို အထိရောက်ဆုံး အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ကမ္ဘာ့အဆင့် ဆော့ဝဲလ်ဖြစ်တဲ့ Microsoft နဲ့ တခြားဒစ်ဂျစ်တယ် လုပ်ဆောင်မှုတွေကို ကောင်းမွန်စွာအသုံးပြုနိုင်ခြင်းအားဖြင့် ICT ကဏ္ဍဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးတွေကို မြှင့်တင်နိုင်မှာဖြစ်သလို ပညာရေးဘက်ကနေတဆင့် နိုင်ငံရဲ့အခြေခံလိုအပ်ချက်တွေကို အသွင်ပြောင်းလဲ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Mytel က အခုလို ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးအတွက် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမှာဖြစ်သလို ရည်မှန်းချက်တွေ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ဖို့လည်း လိုအပ်သလို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦး မှ ပြောပြခဲ့သည်။
လေးစားဖွယ်ကောင်းသောအကဲခတ်ဖြတ်ဒိုင်အဖွဲ့သည် MOSWC ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းများကို အသိအမှတ်ပြုပြီး အခမ်းအနားတွင် ပထမဆုအတွက် အမေရိကန်ဒေါ်လာ ၇၀၀၀ ၊ ဒုတိယဆုအတွက် အမေရိကန်ဒေါ်လာ ၃၅၀၀ နှင့် တတိယဆုအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀ ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။ နယူးယောက်မြို့တွင် ကျင်းပသွားမည့် ကမ္ဘာ့အဆင့် နောက်ဆုံးယှဉ်ပြိုင်ပွဲကြီးသို့ သွားရောက်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပြိုင်ပွဲဝင်များနှင့် တွေ့ဆုံသွားမည့် နိုင်ငံကိုယ်စားပြုကျောင်းသား ၃ ဦးထဲမှတစ်ဦးဖြစ်သူ မနေခြည်သင်းက “ကမ္ဘာ့အသိအမှတ်ပြုပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပေးတဲ့အတွက် ကျွန်မတို့ ကျောင်းသားလူငယ်တွေအတွက် အရမ်းအကျိုးရှိပါတယ်။ ပြိုင်ပွဲကြီးမှာပါဝင်ယှဉ်ပြိုင်ဖို့ အရမ်းကို စိတ်ပါဝင်စားပြီးတော့ အပြင်းအထန်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ Microsoft Word ကို အမှတ် ၁၀၀၀ နဲ့ ပထမနေရာရရှိခဲ့ပြီး ဇူလိုင်လရောက်ရင် နယူးယောက်မှာ တခြားနိုင်ငံက ပြိုင်ပွဲဝင်တွေနဲ့ သွားရောက်တွေ့ဆုံ ခွင့်ရတော့မှာမို့ အရမ်းလည်းစိတ်လှုပ်ရှားနေပါတယ်” ဟုပြောပြခဲ့သည်။
ဇန်နဝါရီလ မှ မတ်လအတွင်း ကျင်းပပြုလုပ်ခဲ့သော နိုင်ငံအဆင့်ပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ အစိုးရ နှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားကျောင်းသူပေါင်း ၁၁၉၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
Comments
Post a Comment