International Karate Alliance အဖွဲ့ကမြန်မာနိုင်ငံတွင်ဥာဏ်​​​​ ပညာနှင့်​ခွန်​အားမြင့်​မားသည့်​ကရာ​တေးသမားများ​မွေးထုတ်​​ပေး​နေသည်​ဟုဆို



နိုင်ငံတကာတွင် သင်တန်းကျောင်း ၅၀ ကျော် ဖွင့်လှစ်ထားသည့် International Karate Alliance KyokushinRyu အဖွဲ့သည် မြန်မာနိုင်ငံတွင် ဥာဏ်ပညာနှင့်ခွန်အား မြင့်မားသည့် ကရာတေးသမားများမွေးထုတ်ပေးနေကြောင်း ဇွန်၂၂ ရက်နေ့က Orchid ဟိုတယ်၌ ပြုလုပ်သည့် အဆင့်မြှင့်ခါးပတ်နှင့် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဦးသောင်းအေးက ပြောကြားလိုက်သည်။




''မြန်မာအစိုးရရဲ့ အားကစားနဲ့ကာယပညာဦးစီးဌာနနဲ့လည်း ကျနော်တို့ချိတ်ဆက်နေပါတယ်။ တူတာတွေတွဲလုပ်သွားမှာပါ။ ကရာတေးသမားဆိုတာ မတုန်မလှုပ်သည်းခံနိုင်စွမ်းရှိပြီး ဥာဏ်ပညာနဲ့ခွန်အား မြင့်မားရမှာဖြစ်ပါတယ်။ ဒီလိုကရာတေးသမားတွေကိုပဲ ကျနော်တို့မွေးထုတ်ပေးနေပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ ဆရာဦးသောင်းအေးကဆိုသည်။
ယင်း IKAK အဖွဲ့၏ အဆင့်မြှင့်ခါးပတ်နှင့် အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ၎င်းတို့ဥက္ကဋ္ဌ Mr.Peter Chong ကိုယ်တိုင်တက်ရောက် ဂုဏ်ပြုခဲ့သည်။

ယင်းအဖွဲ့သည် လွန်ခဲ့သည့်နှစ်၃၀ကတည်းက မြန်မာနိုင်ငံတွင် သင်တန်းဖွင့်ခဲ့ဖူးပြီး ယခုအခါ ရန်ကုန်နှင့် တိုင်းဒေသကြီးအချို့တွင် သင်တန်းကျောင်းများ ဖွင့်လှစ်ထားကြောင်းသိရသည်။

Comments