IKBZမှခြောက်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်အခြေခံစားဝတ်နေရေးအတွက်အနည်းဆုံးလိုအပ်သောဝင်ငွေအောက်ရှိသည့်ကျောင်းသားကျောင်းသူများသို့စက်ဘီးအစီးရေ၁၀၀၀ကိုလှူဒါန်းသွားမည်ဖြစ်သည်။
ခြောက်နှစ်ပြည့်အခမ်းအနားကျင်းပခြင်း၏တစ်စိတ်တစ်ဒေသအဖြစ်ပြည်တွင်းပရဟိတဖြစ်သည့်Lesswalkနှင့်အတူပူးပေါင်း၍ကောင်းမွန်သည့်လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းမရှိသောကျေးလက်ဒေသရှိကလေးများသို့စက်ဘီးအစီးရေ၁၀၀၀ကိုလှူဒ့ါန်းရာတွင်တိုင်းနဲ့ပြည်နယ်အားလုံးမှာဖြန့်ပြီးလှူဒါန်းမှာဖြစ်ကြောင်းကျောင်းများသို့သွားရောက်ပြီးအမှန်အကန်ကျောင်းနှင့်ဝေးကွာသည့်ဒေသမှကျောင်းသားများသို့လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။
''အစီးရေတစ်ထောင်ကိုတော့တိုင်းနဲ့ပြည်နယ်အားလုံးမှာခွဲလှူသွားမှာဘယ်မှာမှလှူမယ်ဆိုတာမျိုးမရှိပါဘူးလိုအပ်ချက်ပေါ်မူတည်ပြီးပေးသွားမှာပါဝေးလံခေါင်ပါးမှုကဘယ်လိုဒေသတွေကပိုများမလဲပေါ့ဘယ်မှာဘယ်လောက်လဲဆိုတာတော့ရွာတွေသွားပြီးစာရင်းပြုစုရမယ်ဝေးတာခြင်းအတူတူဆိုဆင်းရဲတဲ့သူပိုစာတော်တဲ့သူတွေကိုမျှတမှုဖြစ်အောင်လုပ်သွားမှာပါ''ဟုIKBZ ၏ ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်ကပြောသည်။
မြန်မာနိုင်ငံရှိကျေးလက်ဒေသများတွင်နေထိုင်သည့်ကလေးငယ်များသည်ကျောင်းသို့လမ်းလျှောက်သွားရန်အချိန်၁နာရီသို့မဟုတ်၁နာရီထက်ပို၍အချိန်ယူကြရပြီးစက်ဘီးစီးခြင်းအားဖြင့်ငယ်ရွယ်သောကျောင်းသားကျောင်းသူများအတွက်လေ့လာသင်ယူခြင်းနှင့်အခြားသောလေလာလိုက်စားခြင်းများအတွက်အချိန်များကိုပိုမိုရရှိလာနိုင်မည်ဖြစ်သည်။
Lesswalk တည်ထောင်သူ၊ ဦးမိုက်ခ်သန်းထွန်းဝင်းမှ- “IKBZ ကဲ့သို့ တာဝန်သိတတ်သော ကုမ္ပဏီနှင့်အတူ လက်တွဲလုပ်ဆောင်ရသည့်အတွက် လွန်စွာဝမ်းမြောက်မိပါကြောင်း၊ ပညာရေးအတွက် မှန်ကန်သော လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရန် ကျေးလက်ဒေသရှိကျေးရွာများမှလိုအပ်နေသောကျောင်းသားများကို အဓိကပန်းတိုင်များမှ တစ်ခုဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ပူးပေါင်းပါဝင်လုပ်ဆောင်မှုသည် ၎င်းတို့၏ လူနေမှုဘ၀အရည်အသွေးကို သိသိသာသာ တိုးတက်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း” ပြောကြားခဲ့သည်။
IKBZ အာမခံလုပ်ငန်းသည် မိသားစု ဘဏ္ဍာရေးအခြေအနေ မည်သို့ပင်ရှိစေကာမူ ၎င်းတို့သား၊သမီးများ၏ ပညာရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ် လုံခြုံမှုရှိစေရန်အတွက် ကူညီပေးနိုင်သည့် Edusaver Product ကို ၂၀၁၉ခုနှစ်၊ ဧပရယ်လတွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

Comments
Post a Comment