Food & Hotel Myanmar 2019 ကျင်းပ

Food & Hotel Myanmar(FHMM)2019 ကို ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော နိုင်ငံတကာအစားအစာနှင့် ဧည့်ခံကြိုဆိုမှုဆိုင်ရာ အခမ်းအနားကို ဇွန်လ ၅ ရက်၊နံနက် ၁၀ နာရီက  ရန်ကုန်မြို့ Fortune Plaza ရှိ Myanmar Expo ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပွဲကို ဇွန် (၅)ရက်မှ (၇)ရက်အထိ (နံနက် (၁၀)နာရီမှ ညနေ(၆)နာရီအတွင်း) ကျင်းပမည်ဖြစ်ပြီး၊ယင်းအခမ်းအနားသို့ လာရောက်ကြည့်ရှု့သူများအတွက် သွားလာမှုပိုမိုအဆင်ပြေစေရန် ပြပွဲ(၃)ရက်လုံးတွင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကွန်ရက်များ၊ကြီးမားပြီး အဆင်ပြေစေမည့် ကားရပ်နားရန်နေရာ၊နောက်ဆုံးပေါ်ဝန်ဆောင်မှုများကို စီစဉ်ပေးမည်ဖြစ်ကြောင်းသိရသည်။





ထိုအခမ်းအနားတွင် အစားအစာနှင့် အဖျော်ယမကာများ၊ကော်ဖီနှင့် လက်ဘက်ရည်၊ဝိုင်နှင့်အချိုရည်၊ဧည့်ခံကြိုဆိုမှုနှင့် လက်လီရောင်းချခြင်းဆိုင်ရာနည်းပညာ၊အစားအစာဝန်ဆောင်မှုဆိုင်ရာ ကိရိယာနှင့် ဧည့်ခံကြိုဆိုမှုပုံစံ၊Spaလုပ်ငန်းများအတွက် ထုတ်ကုန်များ၊ဝန်ဆောင်မှုများ၊ကိရိယာနှင့် ပါဝင်ပစ္စည်းများကို ပြသပေးသွားမည်ဖြစ်ပြီး အိန္ဒိယ၊ကိုရီးယား၊မလေးရှား၊ဖိလစ်ပိုင်၊စကာင်္ပူနှင့် အမေရိကန်တို့မှ နိုင်ငံတကာပြခန်းတွဲ (၆)ခုအပါအဝင် နိုင်ငံပေါင်း(၂၁)နိုင်ငံမှ ပါဝင်ကြသကြမည့် ကုမ္ပဏီ (၁၅၀)ကျော်မှ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ အတွေးအခေါ်အသစ်များနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။

Comments