ဇွန်လ(၁၅)ရက် နံနက် ၅ နာရီခွဲအချိန်ခန့် နေပြည်တော်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ်329/3-329/4 အကြားတွင် ယာဉ်မောင်း ကိုအောင်ချစ်သူ (၃၁ နှစ်)မှောဘီမြို့နယ် နေသူမောင်းနှင်လာသည် 7C/----Elgarnd အဖြူရောင်ယာဉ်သည်ယာဉ်မောင်းမှာအိပ် ငိုက်ပြီး လမ်းလယ်ရှိဘာရီယာတုံးများ ဝင်တိုက်ကာ ဝဲဘက်ဘီးကျွတ်၍ ယာဉ်တိမ်းမှောက်ခဲ့သည်။
အခင်းဖြစ်နေရာသို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ . စကားအင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူ အဖွဲ့များ သွားရောက်ပြီး ယာဉ်မောင်းအပါဝင် ကျား ၂ ဦး မ ၂ ဦး၊ ပေါင်း (၄) ဦးစလုံး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့၍ ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။ UK
Comments
Post a Comment