ခရီးသည်တင် မှန်လုံယာဉ် အရှိန်မထိန်းနိုင်၍ သစ်ပင်ဝင်တိုက်၊ ယာဉ်မောင်းသေဆုံး



ဇွန်လ ၁၄ ရက်၊ညနေ ၅ နာရီခန့်က မကွေးမြို့နယ် မကွေး-တောင်တွင်းကြီးကားလမ်း သစ်ရာကောက်ကျေးရွာ အနီး မိုင်တိုင်အမှတ်-၂၉၉/၂ တွင် ယာဉ်မောင်း ကိုကိုလတ် (၄၂)နှစ် မင်းလှမြို့နယ်နေသူ မောင်းနှင်လာသည့် "ဗဟိုရ်" ခရီးသည်တင်မှန်လုံယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထနောင်းပင်အား ၀င်ရောက်တိုက်မိခဲ့သည်။



အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းတွင် ၀ဲနံရုံးကျိုး၊ ၀ဲ/ ယာဒူးခေါင်း ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကိုအေးမင်းထွန်း (၃၂)နှစ် မန်းသံပုရာကန် မင်းလှမြို့နယ်နေသူသည် ဒူးပေါက်ပြဲ၊ ယာညှပ်ရိုး ဖူးရောင်၊ ယာနားထင်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ရာသို့ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ခိုင်စိုးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း ယာဉ်မောင်း ကိုကိုလတ်(သေဆုံး)အား မိကျောင်းရဲ နယ်မြေရဲစခန်းက ယာဉ်(ပ)၉/၂၀၁၉၊ ပြစ်မှုဥပဒေပုဒ်မ-၃၀၄(က)/၃၃၇ဖြင့်အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ  သိရသည်။                                              TTO

Comments