(၂၈)ရုံမြောက်မင်္ဂလာ(တောင်ဒဂုံ)အဆင့် မြင့်ရုပ်ရှင်ရုံသစ်အားအနုပညာရှင်များစွာဖြင့်ဖွင့်လှစ်

(၂၈)ရုံမြောက် မင်္ဂလာကုမ္ပဏီမှဖွင့်လှစ်ခဲ့သည့် မင်္ဂလာ(တောင်ဒဂုံ) အဆင့်မြင့်ရုပ်ရှင်ရုံသစ်ကို ရန်ကုန် မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)(၂ဝ)ရပ်ကွက် မြိတ်လမ်းမပေါ်၌ယခုလ၂၉ရက်နေ့တွင်အနုပညာရှင်များစွာဖြင့်တရားဝင်ဖွင့်လှစ်ခဲ့သည်။

့် ဇွန် ၂၇ ရက် နံနက်ပိုင်း စတင်ဖွင့်လှစ်၍ ရုပ်ရှင်ဇာတ်ကား သစ်များပြသခဲ့သော်လည်းတရာဝင်ဖွင့်ပွဲကို(၂၉)ရက်နေ့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများပြန်ကြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူများအနုပညာရှင်အတက်ပညာရှင်များစွာတက်ရောက်ခဲ့ကြသည်။

ယခုရုပ်ရှင်ရုံတွင်မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့်နိုင်ငံခြားရုပ်ရှင်ဇာတ်ကားသစ်များကိုရန်ကုန်မြို့တွင်းပြသနေ သည့် မင်္ဂလာရုပ်ရှင်ရုံများအတိုင်း တစ်ရက်လျှင်ပွဲချိန်ငါးပွဲ နှုန်းပြသသွားမည်ဖြစ်ပြီးနံနက် ၁ဝ နာရီ၊မွန်းလွဲ ၁၂ နာရီခွဲ၊ မွန်းလွဲ ၃ နာရီခွဲ၊ ညနေ ၆ နာရီခွဲနှင့် ည ၉ နာရီခွဲများဖြင့် ပွဲချိန် ငါးပွဲပြသမည်ဖြစ်သည်။




မင်္ဂလာ(တောင်ဒဂုံ) အဆင့်မြင့်ရုပ်ရှင်ရုံသစ်၌ ရုပ်ရှင်ရုံ နှစ်ရုံပါဝင်မည်ဖြစ်ပြီး (2D) ရုံ တွင် ထိုင်ခုံအရေအတွက် ၂၆ဝ ပါဝင်ကြောင်း (3D) ရုံတွင် ထိုင်ခုံ အရေအတွက် ၂ဝဝ ပါဝင်မည်ဖြစ်ကြောင်းအဆင့် မြင့် (2D)ရုံတွင် ပြသမည့်ရုပ်ရှင် ဇာတ်ကားအတွက် လက်မှတ်ခနှုန်း ထားများကိုငွေကျပ်၁၅ဝဝ၊ ၂၅ဝဝ၊ ၃ဝဝဝ နှင့်၄၅ဝဝ သတ်မှတ်ထား ပြီးအဆင့်မြင့်(3D)ရုံတွင် ပြသ မည့် ရုပ်ရှင်ဇာတ်ကားအတွက် လက်မှတ်ခနှုန်းထားများကို  ငွေ ကျပ် ၂ဝဝဝ၊ ၃ဝဝဝ၊ ၃၅ဝဝနှင့် ကျပ် ၅ဝဝဝ တို့သတ်မှတ်ထား ရှိကြောင်းသိရသည်။

Comments