ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တာချီလိတ် လေဆိပ်တွင် ဇွန်လ ၁၃ ရက်၊နေ့လည် ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်က ဟဲဟိုးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ဆိုက်ရောက်လာသည် Air KBZ လေယာဉ်ဖြင့် ပါရှိလာသည့် ပစ္စည်းများအား Cargo X-Ray စက်ဖြင့် စစ်ဆေးမှုများ ပြုလုပ်ရာ စက္ကူပုံး တစ်လုံးတွင်း ပတ္တမြား နှင့် မဟူရာဟု ယူဆရသည့် ကျောက်အရိုင်းများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါ မသင်္ကာဖွယ်တွေ့ရှိရသည့် စက္ကူပုံးကို ဖွင့်ဖောက်စစ်ဆေးရာ ပတ္တမြားဟု ယူဆရသည့် ကျောက်ရိုင်းတုံးအသေး (၄၅)တုံး နှင့် မဟူရာဟု ယူဆရသည့် ကျောက်ရိုင်းအတုံးအသေး (၁)တုံး စုစုပေါင်း အလေးချိန်မှာ (၀.၂၅)ကီလိုဂရမ်ဝန်းကျင် တို့ကိုတွေ့ရှိရသည်။
ယင်းပစ္စည်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Comments
Post a Comment