တာချီလိတ်မြို့နယ်၌ မူးယစ်ဆေးဝါးများ၊ ဆေးဝါးပြုလုပ်ရာအသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
ဇွန်လ ၁၄ ရက်၊နေ့လည် ၃ နာရီခွဲတွင်တာချီလိတ်မြို့နယ်၊ ပါခါးကျေးရွာ အနီးမြေသားရေမြောင်းအတွင်း၌ တာလပတ်စ/သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသည့် ဆာလာအိတ် ၂၁ အိတ်အားမသင်္ကာဖွယ်တွေ့ရှိရသဖြင့်ပူးပေါင်းအဖွဲ့မှစစ်ဆေးရာစိတ်ကြွဆေးပြား ၄၂.၅၄ သိန်းပြား(၁ ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၄၂,၅၄၀ သိန်း)၊ စိတ်ကြွဆေးမှုန့် ၁.၉ ကီလို(၁ ကီလိုလျှင်ကျပ် ၁၀၀ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၁၉၀ သိန်း)၊ ကတ်တမင်း ၉၀၀ ဂရမ်(၁ ဂရမ်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၉၀ သိန်း)၊ ဘိန်းညိုမှုန့် ၅ ကီလို(၁ ကီလိုလျှင် ကျပ်သိန်း ၁၂၀ နှုန်းဖြင့် တန်ဖိုးကျပ် ၆၀၀ သိန်း)၊သေနတ်မျိုးစုံ ၉ လက်၊ ကျည်အိမ် ၈ ခု၊ ခဲယမ်းမျိုးစုံ ၁၉,၂၇၉ တောင့်၊စကားပြောစက် ၄ လုံးတို့အားပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
အလားတူဇွန်လ ၁၄ ရက် နေ့လည် ၁ နာရီခန့်က တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီးရှိအိမ်ရှင်(စိစစ်ဆဲ)၏ ၁ ထပ်တိုက်အားမသင်္ကာ၍ ဝင်ရောက်ရှင်းလင်းရာဘိန်းဖြူ ၅.၃ ကီလို(၁ ကီလိုလျှင် ကျပ် ၁၆၀ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၈၄၈ သိန်း)နှင့် မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများအားသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ UK
Comments
Post a Comment